Pages

Pages

ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ရေရရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး


မြောင်းမြ ၊  မေ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ရက်(၁၀၀)စီမံချက်အဖြစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အင်းမကျေးရွာအုပ်စု၊ အစုလေးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ရေသန့်စင်စနစ်၊ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအား မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေသန့်စင်စနစ် ရေရရှိရေးဆောင်ရွက်ပြီးပါက အိမ်ထောင်စု (၆၉) စု လူဦးရေ (၃၀၇) ဦးအတွက် သန့်ရှင်းသော သောက်သုံးရေရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment