အေအိုင်လုပ်ငန်းကို ပူးပေါင်းဖို့ မဟာမိတ်တွေကို ပူတင် ဖိတ်ခေါ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အေအိုင်လုပ်ငန်းကို ပူးပေါင်းဖို့ မဟာမိတ်တွေကို ပူတင် ဖိတ်ခေါ်နေ


မေ - ၃၀ ( စနေနေ့ ) 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဉာဏ်ရည်တု (အေအိုင်) နည်းပညာဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်သွားမဲ့ အစီအစဉ်များကို ကြေညာခဲ့ပြီး၊ အေအိုင်စနစ်များ နဲ့ မျှဝေသုံးစွဲနိုင်မယ့် ကွန်ပျူတာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစပျိုးမှု အသစ်တစ်ခုကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ 

ကာဇက်စတန်နိုင်ငံ၊ အာစတာနာမြို့တွင် ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ယူရေးရှားစီးပွားရေးဖိုရမ် တွင် ပူတင်က ပြောကြားရာ၌ ရုရှားနိုင်ငံအနေဖြင့် နိုင်ငံအသီးသီးမှ သိပ္ပံ၊ ပညာရေးနှင့် စီးပွားရေးအသိုက်အဝန်းများကို စုစည်းပေးမည့် "အေအိုင် မဟာမိတ်အဖွဲ့" တစ်ခု ထူထောင်ရန် ကူညီပေးခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ထို့အပြင် ၎င်းက လာမည့်နှစ်တွင် ရုရှားနိုင်ငံ၌ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အဆင့်မြင့်နိုင်ငံတကာ အစည်းအဝေးတစ်ရပ် ကျင်းပရန်လည်း အဆိုပြုခဲ့ပါတယ်။ 

ပူတင်ရဲ့ ပြောကြားချက်အရ အဆိုပါအစည်းအဝေးတွင် အချုပ်အခြာအာဏာပိုင် အေအိုင်မော်ဒယ်များ ပူးတွဲဖွံ့ဖြိုးတိုးတက်စေရေး၊ အပြန်အလှန်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာနှင့် စွမ်းအင်အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနဲ့ အေအိုင်နည်းပညာများကို ဒေသတွင်းလိုအပ်ချက်များနှင့် ကိုက်ညီအောင် လိုက်လျောညီထွေဖြစ်စေရေး စသည့်ကိစ္စရပ်များအပေါ် အဓိကထား ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ 

အေအိုင် နည်းပညာက "ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုးတက်ပြောင်းလဲမှုတို့ကို သေချာစေရန်အတွက်" အရေးပါသော အချက်တစ်ချက်အဖြစ် ပေါ်ထွက်လာခြင်းဖြစ်ပြီး၊ နိုင်ငံများနှင့် နိုင်ငံဖြတ်ကျော်ကော်ပိုရေးရှင်းကြီးများသည် ထိုနယ်ပယ်တွင် ထိပ်တန်းနေရာရရှိရန်အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

ရုရှားနိုင်ငံအနေဖြင့် သိပ္ပံပညာဆိုင်ရာ ကျွမ်းကျင်မှုများ၊ ခိုင်မာသော ပညာရေးစနစ် နှင့် အကြီးစားကွန်ပျူတာစနစ်များနှင့် ဒေတာစင်တာများကို ထောက်ပံ့ပေးရန် လိုအပ်သည့် ကြွယ်ဝသော စွမ်းအင်အရင်းအမြစ်များ အပါအဝင် ယင်းနယ်ပယ်တွင် အားသာချက်များစွာ ရှိထားကြောင်းကိုလည်း ပူတင်က ထောက်ပြပြောဆိုခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)