မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁/၂၀၂၄)တွင် တာ၀န်ထမ်း ဆောင်ပြီးမြောက်သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ‌ နှင့် ထောက်ပံ့ ပစ္စည်းများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁/၂၀၂၄)တွင် တာ၀န်ထမ်း ဆောင်ပြီးမြောက်သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ‌ နှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်









မြောက်ဥက္ကလာပ၊ မေ  ၄

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအ မှတ်စဉ်(၁/၂၀၂၄)တွင် တာ၀န်ထမ်း ဆောင်ပြီး မြောက်သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း  အခမ်းအနားကို ယနေ့ နေ့လယ် ၃ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူက အမှာစကား ပြောကြားသည်။ ထို့‌နောက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တွင် တာ၀န်ထမ်းဆောင်ပြီးမြောက်သူများအား မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့၀င်များက ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဆန်၊ ဆီများ ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁/၂၀၂၄)တွင် တာ၀န်ထမ်း ဆောင်ပြီးမြောက်သူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူ နှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁/၂၀၂၄) တွင် တာ၀န်ထမ်းဆောင်ပြီးမြောက်သူများ နှင့် ၎င်း တို့၏ မိသားစု၀င်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)