Pages

Pages

ချမ်းမြသာစည်မြို့နယ်၌ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရပ်ကွက်နေပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်



ချမ်းမြသာစည်၊ မေ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရပ်ကွက်နေပြည်သူများအား ဆန်ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့က အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ငလျင်ဘေးဒဏ်ခံစားခဲ့ရသော အောင်ပင်လယ်ရပ်ကွက်နေပြည်သူ (၈၉) ဦးအား လူတစ်ဦးလျှင် (၄.၀၉)ပြည်နှုန်းဖြင့် ထောက်ပံ့ပေးအပ်သည့်ဆန်အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းတို့က ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အလင်းသစ် 

#MNP #News

No comments:

Post a Comment