ပျော်ဘွယ် ၊ မေ ၄
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိုင်ရပ်ကွက်ရှိ မြသိန်းတန်မြတ်စွာဘုရားတွင် ဘုရားစေတီများအား ရေသပ္ပာယ် ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မေ ၃ ရက်က အဆိုပါစေတီ ရင်ပြင်တော်တွင် ကျင်းပသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဒုတိယမီးသတ်ဦးစီးမှူး ဦးဖြိုးကိုကိုနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဘုရားစေတီများအား ရေသပ္ပာယ်ပူဇော်ခြင်း၊ ရင်ပြင်တော်နှင့် ဘုရားဝင်းအတွင်း အမှိုက်များရှင်းလင်းခြင်း၊ ချုံနွယ်များနှင့် ရေစီးရေလာကောင်းမွန်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ခဲ့ကြောင်း၊ အလားတူ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်ပိုစတာကိုလည်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် စိုက်ထူထားကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment