Pages

Pages

ထန်းတပင်မြို့နယ်၊ သရက်ခြံကျေးရွာရှိ စိတ္တသုခကျောင်းတိုက် ဇိနထွဋ်​ခေါင် ရွှေမြင့်မိုရ် စေတီတော်မြတ် ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပ





ထန်းတပင်၊ မေ ၁၁ 

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြိုနယ်၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ သရက်ခြံကျေးရွာရှိ စိတ္တသုခကျောင်းတိုက်ကြီးတွင် တည်ထားကိုးကွယ်လျက်ရှိသည့်  ဇိနထွဋ်ခေါင်ရွှေမြင့်မိုရ်စေတီတော်မြတ် ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို မေလ(၁၀)ရက်နေ့၊  နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ စိတ္တသုခကျောင်းဆရာတော်  ဘဒ္ဒန္တဒညဏိန္ဒ အမှူးပြု၍ သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ခဲ့ကြပြီး အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပင့်ဆောင်ပူဇော်ခဲ့ကြပြီး ပန်းရထားဖြင့် ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူ ပူဇော်ခဲ့ကြကာ  တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အလှူရှင်များမှ ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဆရာတော်ကြီးအမှူးပြု၍ သံဃာတော်အရှင်သူမြတ်များမှ  ဗုဒ္ဓဘိသေက အနေကဇာတင်၍ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ သံဃာတော် အရှင်သူ မြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး အနုမောဒနာ ရေစက်ချတရား နာယူခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)

#MNP #News 


No comments:

Post a Comment