Pages

Pages

အောင်လံမြို့၌ အစားအသောက်နှင့် ဆေးဝါးများအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ


အောင်လံ  ၊ မေ ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးများအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ "စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် ဆေးဝါးရောင်းချမှုလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ" ကို ယနေ့ နံနက် ၈ နာရီက အောင်လံမြို့ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အောင်လံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်က အစားအသောက်နှင့် ဆေးဝါးများအန္တရာယ်ကင်းရှင်းရေး၊ စနစ်တကျ ထုတ်လုပ်ရောင်းချရေးနှင့် ပတ်သက်သည့် နည်းပညာဆိုင်ရာအချက်အလက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး၊ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသောက်ကုန်နှင့် ဆေးဝါးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အာကာ

https://t.me/MyanmarNationalPost

No comments:

Post a Comment