ကျောက်ကြီးမြို့နယ်၌ ရက် (၁၀၀) စီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ ရက် (၁၀၀) စီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်



ကျောက်ကြီး ၊  မေ ၂

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ရက် (၁၀၀) စီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးဆွေလွင်ဦး ဦးဆောင်ပြီး မိမိဌာနရုံးဝန်ထမ်းများနှင့်အတူ ယနေ့ မေလ (၂) ရက်နေ့နှင့် မေလ (၃) ရက်နေ့အထိ နှစ်ရက်တာ ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများမှ အသက် (၁၀) နှစ်နှင့် အသက်(၁၈)ကြား ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် အသက် (၁၈) နှစ်အထက် ကိုင်ဆောင်လက်မှတ်မရှိသူများအား လိုအပ်သောစာရွက်စာတမ်းများ အထောက်အထားများဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုနေ့ချင်းပြီး "အခမဲ့" ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုကို ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)