Pages

Pages

ကျေးလက်လမ်း၊ တံတားကွန်ရက်များ တိုးချဲ့ချိတ်ဆက်ပေးခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာများ အဆင်ပြေချောမွေ့ကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မှာကြား





နေပြည်တော်၊ မေ ၅

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးသို့သွားရောက်ပြီး တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့သည်။

 ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတားလုပ်ငန်းများ ပိုမိုအောင် မြင်ရန်၊ ဦးစီးဌာန၏ မဟာဗျူဟာ ရည်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာအားလုံး ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရေးအတွက် အလေးထားပြီး ဆောင်ရွက်ကြရန်၊ ကျေးလက်လမ်း၊ တံတားကွန်ရက်များ တိုးချဲ့ချိတ်ဆက်ပေးခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာများ အဆင်ပြေချောမွေ့ကာ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန်၊ ထွက်ရှိလာသော စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၊ MSME ထုတ်ကုန်များကို ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ခြင်းဖြင့် မိသားစု ဝင်ငွေများ တိုးပွားလာစေရန်၊ လမ်းတံတားလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် သတ်မှတ်အရည် အသွေး စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးကို အလေးထားဆောင်ရွက်ကြရန်၊ သမဝါယမ စနစ်ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း ပူးပေါင်း ချိတ်ဆက်ကာ စေတနားထား ဆောင်ရွက်သွားကြရန်နှင့် ဈေးကွက်အရောက် လမ်းကွန်ရက် ချိတ်ဆက်နိုင်စေရေး စီမံကိန်းရေးဆွဲရာတွင် အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများက ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်း လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment