Pages

Pages

တမီလ်နာဒူး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဗီဂျေ ကျမ်းသစ္စာကျိန်ဆို


မေ - ၁၁ ( တနင်္လာနေ့ ) 

TVKပါတီ အကြီးအကဲ ဗီဂျေးသည် ၎င်းရဲ့ပါတီငယ်များဖြစ်တဲ့ CPI၊ CPI(M), VCK နဲ့ IUML တို့ရဲ့ ထောက်ခံမှုကို လက်ခံရရှိပြီးနောက် တနင်္ဂနွေနေ့နံနက်ပိုင်းတွင် တမီလ်နာဒူးဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ မေလ ၄ ရက်နေ့တွင်  ရွေးကောက်ပွဲ ရလဒ်များ ကြေငြာပြီးနောက် TVK ပါတီက ပြည်နယ်လွှတ်တော်မှာ ထိုင်ခုံ ၁၀၈ နေရာဖြင့် အကြီးဆုံးပါတီတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ 

လေးရက်ကြာ နိုင်ငံရေးမသေချာမရေရာမှုတွေ ပြင်းထန်လာပြီးနောက်မှာ ပြည်နယ်အစိုးရဖွဲ့စည်းပုံက တမီလ်လာဂါဗတ်ထရီကာဇာဂမ် (TVK)ပါတီ အကြီးအကဲ စီဂျိုးဇတ်ဗီဂျေ ရဲ့ တနင်္ဂနွေနေ့ ကျမ်းသစ္စာကျိန်ဆိုမှုနဲ့အတူ ပြည်နယ်အတွင်း အစိုးရသစ်တစ်ရပ် ရောက်ရှိလာခြင်း အထိမ်းအမှတ်က ရှင်းရှင်းလင်းလင်း ရှိသွားပါပြီ။ 

ဒရာဗီဒီယန်လူများစု နေထိုင်တဲ့ ပြည်နယ်အတွင်းမှာ အများစုမဟုတ်တဲ့ အခြားလူမျိုးတွေထဲက ဝန်ကြီးချုပ်အဖြစ် နှစ် ၅၀ အတွင်း ပထမဆုံး ဖြစ်လာတဲ့ မှတ်တမ်းဝင်သွားပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်လာသူများထဲမှာ ရာအူးဂန္ဒီ၊ ဗီဂျေရဲ့ မိဘများ၊ စီးပွားရေးလုပ်ငန်းရှင် အများအပြားနဲ့ တမီလ်ရုပ်ရှင်လုပ်ငန်းမှ ပုဂ္ဂိုလ်အများအပြားကို ကျမ်းသစ္စာကျိန်ဆိုတဲ့ ဂျဝါဟာလယ်နေရူး အားကစားရုံမှာ တွေ့မြင်ခဲ့ရပါတယ်။ 


REF: Hindustan Times

#MNP #News

No comments:

Post a Comment