တောင်ကြီး ၊ မေ ၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် တောင်ကြီးမြို့တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများ၊ Eco Care Co.,Ltdမှ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင်တွေ့ဆုံရာ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီမှတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးက ရေပေးဝေရေးလုပ်ငန်းမှာ အများပြည်သူအကျိုးပြုသောလုပ်ငန်းတစ်ခုဖြစ်သဖြင့် စာချုပ်ပါသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ရေပိုက်လိုင်းများတပ်ဆင်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ စည်ပင်သာယာရေးဌာနအနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည်တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းနှင့် ကျောက်တစ်လုံးလမ်းဆုံအနီးတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ ရေမြောင်းများအတွင်း ပိတ်ဆို့နေသောအမှိုက်နှင့် သဲနှုံးများအား ဆယ်ယူနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ပြည်နယ်ဝန်ကြီးက တောင်ကြီးမြို့ ရေစီးရေလာကောင်းမွန်စေရေးအတွက် မိုးမကျမီကာလအတွင်းရေမြောင်းများအား ဆယ်ယူသွားရန်နှင့် ပြည်သူများမှစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး စည်ပင်သာယာရေးဥပဒေနှင့်အညီ ကြီးကြပ်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment