Pages

Pages

လေကြောင်းလိုင်းများနှင့် ခရီးသွားကဏ္ဍဖိုရမ်ကျင်းပ


နေပြည်တော်၊ မေ ၁၁

လေကြောင်းလိုင်းများနှင့်ခရီးသွားကဏ္ဍဖိုရမ် Airlines & Tourism Industry Forum ကို ယမန်နေ့က ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က လေကြောင်းကဏ္ဍနှင့် ခရီးသွားကဏ္ဍသည် အပြန်အလှန်အကျိုးပြုနေသဖြင့် လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းနှစ်ရပ်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ယင်းနောက် မြန်မာ့ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် နိုင်ငံတကာလေကြောင်းလိုင်းများ၏ အခန်းကဏ္ဍ၊ ပြည်တွင်းလေကြောင်း၏ ရှေ့လုပ်ငန်းစဉ်ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment