မေ - ၁ ( သောကြာနေ့ )
ဂါဇာကမ်းမြောင်သို့ အကူအညီများ ပေးအပ်ခြင်းမပြုလုပ်နိုင်ရန်အတွက် အစ္စရေးတပ်ဖွဲ့များက ဂရိနိုင်ငံအနီးရှိ ကမ္ဘာ့ဆူမက်သင်္ဘောအုပ်စု ကို နိုင်ငံတကာရေပိုင်နက်တွင် မနေ့က ကြားဖြတ်ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှုတွေလုပ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချမှုကို ပြုလုပ်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်က ဒရုန်းများနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အသုံးပြုကာ ဂရိ ကမ်းလွန်မြေထဲပင်လယ်ထဲမှာ သင်္ဘောများကို ပိတ်ဆို့ခဲ့ပါတယ်။ သင်္ဘော ၅၈ စင်းအနက်၂၂စင်းက ခရီးသည်များကို သေနတ်ဖြင့် ချိန်ရွယ်ကာ ဖမ်းဆီးခဲ့ပါတယ်။
"အစ္စရေး စစ်ဘက်စပိဘုတ်တွေက ကျနော်တို့ရဲ့ ကျွန်ုပ်တို့ရဲ့လှေတွေဆီကို ချဉ်းကပ်လာပြီး လေဆာရောင်ခြည်နဲ့ ထိုးကာ ချေမှုန်းရေးလက်နက်တွေနဲ့ ချိန်ရွယ်ကာ လှေပေါ်မှာ ပါလာတဲ့သူတွေကို အရှေ့ပိုင်း ကုန်းပတ်ပေါ်မှာ လက်မြှောက်၊ ဒူးထောက်ခိုင်းထားခဲ့ကြပါတယ်” အကူအညီပေးရေးမစ်ရှင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
လှေငယ် ၂၀ ကျော်မှ တက်ကြွလှုပ်ရှားသူ ၁၇၅ ဦးခန့်ကို ဖမ်းဆီးထားကြောင်း အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ “ ကျနော့်ရေတပ်က တော်လိုက်တာဗျာ” လို့ ချီးကျူးခဲ့ပြီး ဂါဇာကမ်းမြောင်သို့ မရောက်လာအောင် သင်္ဘောများကို ကြားဖြတ်တားဆီးရန် စစ်တပ်အား ညွှန်ကြားထားကြောင်း စစ်ဆင်ရေးအပြီးတွင် ပြောကြားခဲ့ပါတယ်။
REF: UPI
#MNP #News


No comments:
Post a Comment