e-ID လိုဂို - အနာဂတ်မြန်မာနိုင်ငံတော်၏ ဒီဂျစ်တယ်ပြယုဂ် - Myanmar National Post

Myanmar National Post

News Agency

Breaking

e-ID လိုဂို - အနာဂတ်မြန်မာနိုင်ငံတော်၏ ဒီဂျစ်တယ်ပြယုဂ်


အဖွဲ့အစည်းတစ်ခု သို့မဟုတ် စနစ်တစ်ခုအတွက် အမှတ်တံဆိပ်လိုဂို သတ်မှတ်ထားရှိခြင်းသည် အမြင်အာရုံဆိုင်ရာ အမှတ်တံဆိပ် (Visual Identity) တည်ဆောက်နိုင်ရုံသာမက၊ ၎င်းစနစ်၏ တန်ဖိုး၊ ယုံကြည်မှုနှင့် ရည်မှန်းချက်များကို ပြည်သူလူထုထံ ထိရောက်စွာ ဆက်သွယ်ပေးနိုင်သည့် အရေးပါသော သင်္ကေတ တစ်ခုလည်းဖြစ်ပါသည်။ လိုဂိုဟူသည် စနစ်၏ မျက်နှာသွင်ပြင်လက္ခဏာ တစ်ခုဖြစ်သကဲ့သို့၊ ပြည်သူလူထုနှင့် စနစ်အကြား ယုံကြည်မှုကို ချိတ်ဆက်ပေးသည့် မေတ္တာပေါင်းကူးတံတားတစ်ခုလည်း ဖြစ်ပါသည်။

ထို့ကြောင့် e-ID စနစ်၏ ခေတ်မီဆန်းသစ်မှု၊ လုံခြုံစိတ်ချရမှုနှင့် ဦးစီးဌာန၏ လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်များကို ပေါ်လွင်စေရန်အတွက် လက်ဗွေရာဖြင့် ပုံဖော်ထားသည့် မြန်မာနိုင်ငံမြေပုံ၊ UID နံပါတ်၊ လုံခြုံရေးကို ကိုယ်စားပြုသည့် သော့ခလောက်သင်္ကေတ၊ နိုင်ငံတော်အလံကိုယ်စားပြုသည့် ဝါ၊ စိမ်း၊ နီ အရောင်များဖြင့် အချိုးညီစွာပေါင်းစပ်၍ e-ID လိုဂိုကို ရေးဆွဲခဲ့ပါသည်။

လက်ဗွေရာနှင့် မြေပုံ

 “အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း” ကို ကိုယ်စားပြုရုံ သာမက၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံမှုရှိခြင်းကိုလည်း ကိုယ်စားပြုပါသည်။

e-ID နှင့် Lock သင်္ကေတ

 “နိုင်ငံအတွင်းနေထိုင်သူများ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဟူသော ဌာန၏ လုပ်ငန်းတာဝန်ကို ကိုယ်စားပြုရုံသာမက၊ ပြည်သူတို့အတွက် လုံခြုံစိတ်ချရသော ဒီဂျစ်တယ်ရပ်ဝန်းတစ်ခု ဖန်တီးပေးမှုကိုလည်း ကိုယ်စားပြုပါသည်။

“1022022998” ဟူသည့် UID နံပါတ်

လူတစ်ဦးချင်းစီအား UID နံပါတ်သတ်မှတ်ပေးသကဲ့သို့ နိုင်ငံတော်အတွက် UID နံပါတ် သတ်မှတ် ပေးထားခြင်းဖြစ်ပြီး၊ ၎င်းနံပါတ်သည် မြန်မာနိုင်ငံတော် ကိုယ်စားပြု UI နံပါတ်တစ်ခု ဖြစ်ပါသည်။ 

အပြင်ဘက်လိုင်းများ

မြေပုံကို ဝန်းရံထားသော အပြင်ဘက်လိုင်းများသည် နိုင်ငံတော်အား ဘေးအန္တရာယ်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ပေးသည့် အလင်းတန်းများ (Protective Halo) ကို ကိုယ်စားပြုပါသည်။ ထိုဝန်းရံထားမှုသည် မြန်မာနိုင်ငံတော်နှင့် e-ID စနစ်ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာကွယ်ထား သကဲ့သို့ သရုပ်ဖော်ထားပြီး၊ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အချက်အလက်များကို ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ပေးနေမှုကို အဓိပ္ပာယ်ဖော်ဆောင်ပါသည်။ 

အရောင်အသုံးပြုခြင်း

အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသား အားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း၊ အစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့် နိုင်ငံဖြစ်ခြင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းတို့ကို ကိုယ်စားပြုပါသည်။

 e-ID လိုဂိုသည် နိုင်ငံတော်၏ “ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာ” (Digital Sovereignty)ကို ကမ္ဘာသို့ ထုတ်ဖော်ပြသသည့် ပြယုဂ်တစ်ခုဖြစ်သည့်အပြင်၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ပံ့ပိုးကူညီပေးမည့် သင်္ကေတတစ်ခုလည်း ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။


Ref - e-ID Department

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)