Miss Grand Myanmar ပြိုင်ပွဲဝင် တာချီလိတ် အလှမယ် အိမွန်လွင် နှင့် ပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူရန် မေတ္တာရပ်ခံထားကြောင်း သာသနာရေးဝန်ကြီးဌာန ဖြေကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

Miss Grand Myanmar ပြိုင်ပွဲဝင် တာချီလိတ် အလှမယ် အိမွန်လွင် နှင့် ပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူရန် မေတ္တာရပ်ခံထားကြောင်း သာသနာရေးဝန်ကြီးဌာန ဖြေကြား


နေပြည်တော်၊ မေ ၅

Miss Grand Myanmar ပြိုင်ပွဲဝင် တာချီလိတ် အလှမယ် က သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ရဟန်းရှင်လူပြည်သူများကြားတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး တာချီလိတ် အလှမယ် အိမွန်လွင် နှင့် ပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံထားကြောင်း သာသနာရေးဝန်ကြီးဌာနက ဖြေကြားသည်။

Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ် အလှမယ် အိမွန်လွင် က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့မှုအပေါ် အလှမယ် အိမွန်လွင် အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၅-၅-၂၀၂၆ ရက်နေ့တွင် ညှိနှိုင်းမေတ္တာရပ်ခံထားပြီးဖြစ်ပါကြောင်း သာသနာရေးဝန်ကြီးဌာန က ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။




#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)