Pages

Pages

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ Mr. Donald Trump တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်မည်



ရန်ကုန်၊ မေ ၁၃

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်သမ္မတ Mr. Donald Trump တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်လာရောက်မည့် ကိစ္စရပ်ကို မိတ်ဆက်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ Mr. Donald Trump သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်မည့်သတင်းကို တရုတ်နိုင်ငံဘက်မှ ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ဤခရီးစဉ်၏ အသေးစိတ်အစီအစဉ်များနှင့် တရုတ်နိုင်ငံဘက်မှ မျှော်မှန်းချက်များကို ထပ်မံ မိတ်ဆက်ပေးနိုင်ပါသလား ဟု သတင်းထောက်က မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ Mr. Donald Trump သည် မကြာမီ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်မည်ဖြစ်ကာ ဤခရီးစဉ်သည် တရုတ်-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တို့အကြား ပြီးခဲ့သည့်နှစ် အောက်တိုဘာလ၌ ဘူဆန်မြို့တွင် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ထပ်မံတွေ့ဆုံသည့် မျက်နှာစုံညီ ဆွေးနွေးပွဲဖြစ်သကဲ့သို့၊ အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ၉ နှစ်အကြာမှ တရုတ်နိုင်ငံသို့ ထပ်မံလာရောက်သည့် ခရီးစဉ်လည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ Mr. Donald Trump နှင့်အတူ တရုတ်-အမေရိကန် ဆက်ဆံရေးသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးကိစ္စရပ်များကို နက်ရှိုင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များအကြားရှိ သံတမန်ရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အစားထိုး၍မရသော မဟာဗျူဟာမြောက် လမ်းညွှန်မှုအခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ တရားမျှတမှု၊ လေးစားမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဟူသော စိတ်ဓာတ်ကို ဆုပ်ကိုင်လျက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ၊ သဘောထားကွဲလွဲမှုများကို ထိန်းညှိပြီး မတည်ငြိမ်မှုများဖြင့် ရှုပ်ထွေးနေသော ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာမှုများ ပို၍  ဆောင်ကြဉ်းပေးနိုင်ရန် ဆန္ဒရှိပါကြောင်း ဖြေကြားထားသည်။


Photo - Politico

#MNP #News

No comments:

Post a Comment