Pages

Pages

Myint & Associates ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းလိမိတက်မှ ကမ်းလွန်ရေနံတွင်းများအတွက် ကမ်းလွန်အခြေစိုက်စခန်း တည်ဆောက်ခြင်းလုပ်ငန်း ရှင်းလင်းတင်ပြ







ပုသိမ်၊ မေ ၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် Myint & Associates ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းလိမိတက်မှ ကမ်းလွန်ရေနံတွင်းများအတွက် ကမ်းလွန်အခြေစိုက်စခန်း တည်ဆောက်ခြင်းလုပ်ငန်း ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Myint & Associates ကမ်းလွန် ဝန်ဆောင်မှုလုပ်ငန်းလိမိတက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ Myint & Associates Offshore Supply Base Ltd. အနေဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာတွင် M&AOSB ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းစီမံကိန်း အကောင်အထည် ဖော်ရေး ရည်ရွယ်ချက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်နှင့် လုပ်ငန်းလည်ပတ်ရန်အတွက် ခွင့်ပြုမိန့်ရရှိခဲ့မှုများ၊ ကိုဗစ် - ၁၉ ရောဂါပြန့်ပွားလာမှုကြောင့် စီမံကိန်းလုပ်ငန်းများ ရပ်နားခဲ့ရမှု အခြေအနေ များ၊ စီမံကိန်းခေတ္တရပ်ဆိုင်းခွင့်ပြုရေး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်သို့ တင်ပြမှုအခြေ အနေများ၊ စီမံကိန်း အကောင်အထည်ဖော်မည့် အချိန်ကာလ သက်တမ်းတိုးမြှင့်ပေးပါရန် တင်ပြခြင်းကိစ္စရပ်များ၊ မြေယာအသုံးပြုခွင့်ကိစ္စရပ်များ၊ လူမှုတာဝန်သိ(CSR)လုပ်ငန်း ဆောင်ရွက်မှုများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ သက်မွေးပညာသင်တန်းပံ့ပိုးခြင်း လုပ်ငန်းများ၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအစီအစဉ်များ၊ ရေနေသဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံလူထု၏ လူမှုစီးပွားဘဝကို တစ်ဖက်တစ်လှမ်းမှအထောက်အကူပြုစေမည့် “သန္တာကျောက်တန်း ထိန်းသိမ်းရေးစမ်းသပ်စီမံကိန်း" ဆောင်ရွက်မှုအခြေအနေများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများကလည်း လုပ်ငန်းကိစ္စများ ဆက်စပ်တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က “Myint & Associates ကမ်းလွန် ဝန်ဆောင်မှုလုပ်ငန်းလိမိတက်အနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းစီမံကိန်းသည် ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ များစွာရရှိစေမည့်အပြင် တိုင်းဒေသကြီး၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည်များကို ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းနယ်မြေဒေသနှင့် ဒေသခံများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေနေသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း" ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


#MNP #News

No comments:

Post a Comment