Pages

Pages

ချမ်းအေးသာစံမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားထုတ်ပေးခြင်းများ နေ့ချင်းပြီး ဆောင်ရွက်


ချမ်းအေးသာစံ ၊  မေ ၁၉

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများကို ချမ်းအေးသာစံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရူံး၌ ယနေ့မေလ ၁၉ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်၊ ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော်/ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းများဆောင်ရွက်နေမှု၊ အသိပညာ​ပေးလက်ကမ်းစာစောင်ဖြန့်ဝေမှူများကို ကြည့်ရှုအားပေးသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းများဆောင်ရွက်ရာတွင်  ချမ်းအေးသာစံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းနိုင် ဦးဆောင်ကာ ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊  e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်နှင့် UID CARD မပြုလုပ်ရသေးသည့်  အသက် ၁၀ နှစ်နှင့် ၁၈ နှစ်အကြား ၄၆ ဦး၊ အသက် ၁၈ နှစ်အထက် ၁၄ ဦး၊ စုစုပေါင်း ၆၀ ဦးတို့အား နိုင်ငံသားစိစစ်‌ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ကာယကံရှင်များလက်ဝယ်သို့ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment