Pages

Pages

ရမည်းသင်းမြို့၌ “လမင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ဆောင်ရွက်

 


ရမည်းသင်း    ၊ မေ ၁၆

မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရမည်းသင်းခရိုင်၊ရမည်းသင်းမြို့နယ်ရုံးတွင် ယမန်နေ့နံနက် ၁၁နာရီခွဲက အစိုးရ၏ ရက်(၁၀၀) “လမင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးမောင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးဇော်ဝင်း နှင့် ဦးဟန်မောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတိဉက္ကဋ္ဌ  ဦးစိန်မြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးမင်းဟန်၊ လဝက ခရိုင်ဦးစီးမှူး ဦးစိုးမြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတိဉက္ကဋ္ဌ ဦးမောင်ရွှေသိန်းတို့က  ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ဆောက်ရွက်သူပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ One Stop Service ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားတို့အား ကာယကံရှင်လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment