Pages

Pages

ဟန်တာဗိုင်းရက်စ် ပြဿနာကို နိုင်ငံရေး ပြဿနာဖြစ်အောင် WHO လုပ်နေတယ်လို့ စွပ်စွဲ



မေ - ၉ ( စနေနေ့ ) 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လက်တလော ဖြစ်ပွားနေတဲ့ ဟန်တာဗိုင်းရက်စ် ပျံ့နှံ့မှုက အာဂျင်တီးနားမှာ အစပြုခဲ့တာဆိုပြီး ပြောဆိုမှုတွေလုပ်လာလို့ အာဂျင်တီးနားသမ္မတ ဂျေဗီယာ မီလိုင်း ရဲ့ အစိုးရက WHO သည် ကျန်းမာရေးပြဿနာကို နိုင်ငံရေးပြဿနာဖြစ်အောင် လုပ်နေတယ် ဆိုပြီး ပြန်လည်စွပ်စွဲမှု ပြုလုပ်ခဲ့ပါတယ်။ 

အပျော်စီးသင်္ဘော အမ်ဗီဟွန်ဒီယက်စ် မှာဖြစ်ခဲ့တဲ့ ကျန်းမာရေး အရေးပေါ်အခြေအနေ က အာဂျင်တီးနားနှင့် အမေရိကန်တို့ WHO မှ ထွက်တာနဲ့ မဆိုင်ဘူး လို့ အာဂျင်တီးနား ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အာဂျင်တီးနားသည် မတ် ၁၇ ရက်နေ့က WHO မှ တရားဝင် နုတ်ထွက်ခဲ့ပြီး အမေရိကန် ကတော့ ဇန်နဝါရီ ၂၂ ရက်တွင်  ထွက်ခဲ့တာပါ။  

“အာဂျင်တီးနားအနေနဲ့ တခြားနိုင်ငံတွေနဲ့ လက်တွဲဖို့ WHO ပတ်သက်စရာမလိုတော့ပါဘူး” လို့  အာဂျင်တီးနား ဝန်ကြီးဌာနက ဆိုပါတယ်။ အရေးပေါ် အခြေအနေများကို ရင်ဆိုင်ရန် နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးနှင့် နည်းပညာဆိုင်ရာ စွမ်းရည်များကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ 

မီလိုင်း အစိုးရကတော့  "နိုင်ငံရေးအရ နှိမ့်ချဆက်ဆံစရာ မလိုပါဘူး” ကူးစက်ရောဂါစောင့်ကြည့်ခြင်းနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 


REF: UPI

#MNP #News

No comments:

Post a Comment