Pages

Pages

နောင်ချိုမြို့တွင် ငွေကျပ် ၅,၇၀၃.၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇွန် ၉

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇွန်လ ၇ ရက်နေ့ ၁၁၀၀ အချိန် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းလှဝင်း မောင်းနှင်ပြီး စိုင်းဆိုင်ခေး လိုက်ပါလာသည့် LINCOIN NAVIGATOR အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၄၀,၇၅၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၅,၇၀၃.၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းလှဝင်း(၂၉)နှစ် နှင့် စိုင်းဆိုင်ခေး(၂၄)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment