Pages

▼

Pages

▼

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်


နေပြည်တော်၊ ဇွန် ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့်အပတ်တွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် တရုတ်သို့ သွားရောက်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ကို လက်ခံသည့်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း Head of State မှ သတင်းထုတ်ပြန်ထားသည်။

ယခုခရီးစဉ်သည် နိုင်ငံတော်သမ္မတာဝန် ရယူပြီး အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ဖြစ် သွားရောက်ခဲ့ပြီး တရုတ်ခရီးစဉ်သည် ဒုတိယမြောက် ပြည်ပခရီးစဉ်ဖြစ်သည်။


#MNP #News

No comments:

Post a Comment