ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာန မြို့မ (ယာယီ) ပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း (၄၀၀၀၀)ပျိုးထောင်ထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာန မြို့မ (ယာယီ) ပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း (၄၀၀၀၀)ပျိုးထောင်ထားရှိ




ကျိုက်ထို၊ ဇွန် ၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီ တွင် စိုက်ပျိုးနိုင်ရန် မြို့မ(ယာယီ)ပျိုးဥယျာဉ်၌ပျိုးပင်‌ပေါင်း (၄၀၀၀၀)ကို  ပျိုးထောင်ထားကြောင်းသိရသည်။

ယင်းသို့ပျိုးထောင်ထားခြင်းမှာ သစ်တောဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် (လူသားအားလုံးကျန်းမာဖို့သစ်တောများကိုထိန်းသိမ်းစို့)ဆောင်ပုဒ်နှင့်အညီ မိုးရာသီတွင် တပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၊ စိုက်ပျိုးပွဲ‌တော်နှင့် လမ်း‌ဘေး ဝဲ၊ ယာစိုက်ပျိုးနိုင်ရန်ပျိုးထောင် ထားခြင်းဖြစ်သည်။ 

ထိုသို့ပျိုးထောင်ထားသည့် ပျိုးပင်များမှာ မန်ဂျန်ရှား (၂၅၀၀၀)၊ ကျွန်း(၃၀၀၀)၊ မဟော်ဂနီ (၃၀၀၀)၊ ပျဉ်းကတိုး(၁၀၀၀)၊ သင်္ကန်း(၂၀၀၀)၊ ပျဉ်းမ(၄၀၀၀)၊ စိန်ပန်း(၁၀၀၀)၊ ခရေ(၅၀၀) ကံ့ကော်(၅၀၀)စုစုပေါင်းပျိုးပင် (၄၀၀၀၀)ကို ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြို့‌နယ်သစ်တောဦးစီးဌာနအနေဖြင့် အဆိုပါပျိုးထောင်ထားသည့် ပျိုးပင်များအား နှစ်စဉ် ဌာနဆိုင်ရာများ၊ပြည်သူများနှင့်ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲ‌တော်များတွင် စိုက်ပျိုးလျက်ရှိပြီး ရပ်ကွက်၊‌‌ ကျေးရွာများမှ လိုအပ်သည့် ပြည်သူများကိုလည်း အခမဲ့ဖြန့်‌ဝေပေးလျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)