Pages

▼

Pages

▼

ဆရာတွေ ဆန္ဒထွက်ပြနေလို့ ကလေး တစ်သန်းခွဲလောက်ကို စာသင်ပေးမဲ့သူ မရှိဘူးဖြစ်နေ




ဇွန် - ၁၁ (ကြာသပတေးနေ့ ) 

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့မှာ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေစဉ်မှာပဲ အမျိုးသားပညာရေးလုပ်သားများ ညှိနှိုင်းရေးမှူးအဖွဲ့ သပိတ်မှောက်မှုကြောင့် ကျောင်းသားပေါင်း ၁.၄ သန်းကျော် မှာ စာသင်ခန်းများသို့ မသွားနိုင်ဘဲ ဖြစ်နေပါတယ်။ 

လစာတိုးမြှင့်ပေးရန်၊ ပင်စင်လစာစနစ်အား ပြောင်းလဲပေးရန် နဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ပယ်ဖျက်ပေးရန် တောင်းဆိုရန်အတွက် ဇွန်လ ၁ ရက်နေ့ကတည်းက ဆရာ၊ ဆရာမပေါင်း ၈၈,၅၀၀ ခန့်က သပိတ်မှောက်ခဲ့ကြပြီး နိုင်ငံအတွင်းရှိ ဒေသအတော်များများတွင် ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင် နေကြပါတယ်။ 

ပြည်သူ့ပညာရေးဝန်ကြီး မာရီယို ဒယ်ဂါဒို  က အင်္ဂါနေ့တွင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ၌ ပြည်နယ် ၆ ခု နဲ့  မက္ကဆီကိုမြို့တော်တို့တွင် ကျောင်းပေါင်း ၁၇,၄၇၁ ကျောင်း ဆက်လက်ပိတ်ထားရဆဲဖြစ်ပြီး ကျောင်းသားပေါင်း ၁,၄၁၀,၄၅၉ ဦးအပေါ်ကို သက်ရောက်မှုရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ 

အပြင်းထန်ဆုံး ထိခိုက်မှုမှာ မက္ကဆီကိုနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ဝါဟာကာပြည်နယ်တွင် ဖြစ်ပွားနေပြီး၊ စာသင်ခန်းများ ရပ်ဆိုင်းထားရမှုကြောင့် ကျောင်းသားပေါင်း ၇၃၄,၀၀၀ ကျော် ထိခိုက်နစ်နာခဲ့ရပါတယ်။

ချီယာပတ်စ်ပြည်နယ်တွင် ကျောင်းသားပေါင်း ၂၆၁,၀၀၀ ကျော် ထိခိုက်မှုရှိခဲ့ပြီး၊ ဇာကာတီကပ်စ်ပြည်နယ်တွင်မူ သပိတ်မှောက်မှုကြောင့် ကျောင်းသားပေါင်း ၂၁၇,၀၀၀ ကျော်၏ စာသင်ကြား သင်ယူမှု ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရပါတယ်။  ဂီရဲရိုး၊ မီချိုအာကန် နဲ့  မက္ကဆီကိုစီးတီးတို့တွင်လည်း ကျောင်းများပိတ်ထားရကြောင်း သတင်းပို့ချက်များရှိပေမဲ့ ထိခိုက်မှုအတိုင်းအတာမှာ ပိုမိုနည်းပါးပါတယ်။ 

အဆိုပါ သပိတ်မှောက်မှုက မက္ကဆီကိုနိုင်ငံရဲ့ စာသင်နှစ်ကုန်ဆုံးရန် တစ်လကျော်မျှသာ လိုတော့တဲ့အချိန်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်တော့မည်ဖြစ်၍ နိုင်ငံအတွင်းသို့ နိုင်ငံတကာ ပရိသတ်ပေါင်း ထောင်နှင့်ချီကာ စတင်ရောက်ရှိလာချိန် နဲ့ တိုက်ဆိုင်နေပါတယ်။ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ပထမဆုံးပွဲစဉ်ကို ကြာသပတေးနေ့တွင် မက္ကဆီကိုစီးတီး အားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။


REF: UPI

#MNP #News

No comments:

Post a Comment