ဇွန် - ၁၅ ( တနင်္လာနေ့ )
ရဲဆိုး၊ ရဲကောင်း နည်းဗျူဟာဆိုတာက ခြိမ်းခြောက်လိုက်၊ ချော့မော့လိုက် လုပ်တဲ့ နည်းဗျူဟာကိုပြောတာပါ။ အမေရိကန်က အီရန်နိုင်ငံပေါ်ကို ကျင့်သုံးနေတဲ့ ရဲဆိုး၊ ရဲကောင်း နည်းဗျူဟာက ခေတ်နောက်ကျနေပြီး အလုပ်မဖြစ်တော့ဘူးလို့ အမေရိကန် - အီရန် ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့လုပ်နေတဲ့ အီရန်ဘက်က စေ့စပ်ညှိနှိုင်းရေးမှူးက ပြောသွားပါတယ်။
"အစ္စရေးရဲ့ တိုက်ခိုက်မှုများကို ဆက်လက်ခွင့်ပြုထားနေစဉ်မှာပဲ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ တောင်းနေတဲ့ အမေရိကန် နဲ့ အစ္စရေးတို့ ကျင့်သုံးနေတဲ့ ‘ရဲကောင်း၊ ရဲဆိုး’ သံတမန်ရေးရာ နည်းဗျူဟာမှာ ခေတ်နောက်ကျနေပါပြီလို့ လက်ဘနွန်မှာ သေဆုံးမှုဖြစ်ပွားစေခဲ့တဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအပြီး မကြာမီမှာပင် အီရန် ညှိနှိုင်းရေးမှူးချုပ် မိုဟာမက် ဘာဂါ ဂါလီဘတ် က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ပါတယ်။
အားလုံးမျှော်မှန်းထားတဲ့ အမေရိကန်-အီရန် သဘောတူညီချက် မတိုင်မီ နာရီပိုင်းအလို၊ ယနေ့အစောပိုင်းက ဘေရွတ်မြို့တောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပါတယ်။ အမေရိကန် - အီရန် သဘောတူညီချက်ထဲမှာ လက်ဘနွန်နိုင်ငံအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုများ ရပ်စဲရမယ်လို့ ပါဝင်ပါတယ်။ အဲ့ဒိ သဘောတူညီချက်ကို အစ္စရေးအရာရှိ အများအပြားက အီရန်ထံ လက်နက်ချ အရှုံးပေးခြင်းအဖြစ် ရှုမြင်နေကြကြောင်း သိရပါတယ်။
'ဒါဟီယာ ဒေသအပေါ် ဇီယွန်ဝါဒီတွေရဲ့ ကျူးကျော်မှုက အမေရိကန်အနေဖြင့် ၎င်းရဲ့ ကတိကဝတ်များကို အကောင်အထည်ဖော်ရန် ဆန္ဒမရှိခြင်း သို့မဟုတ် အကောင်အထည်ဖော်နိုင်စွမ်း မရှိခြင်းတို့ကို ထပ်မံပြသလိုက်ခြင်းပင် ဖြစ်ပါတယ်'လို့ ဂါလီဘတ်က ၎င်းရဲ့ အိတ်စ်လူမှုကွန်ရက်အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
လက်ဘနွန် နိုင်ငံပိုင်သတင်းအေဂျင်စီ NNA ရဲ့ အဆိုအရ အစ္စရေး ရဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးပြီး အခြားလူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ် ။ အစ္စရေးစစ်တပ် (IDF) ကတော့ ၎င်းတို့အနေနဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ ကွပ်ကဲမှုဌာနချုပ်တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
"ယခုတိုက်ခိုက်မှုသည် 'မဖြစ်ပွားခဲ့သင့်သော အရာမျိုးဖြစ်သည်' ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ထရုသ်ဆိုရှယ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပြီး၊ အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုများကို ရပ်တန့်ကြရန် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့ကို တောင်းဆိုလိုက်ပါတယ်။ 'ကျနော်တို့က လက်ဘနွန်အပါအဝင် ဒေသတွင်းကို ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမယ့် သဘောတူညီချက်တစ်ခု ရရှိဖို့ အလွန်နီးစပ်နေပါပြီ။ ဒါကြောင့် အဖွဲ့အစည်းအားလုံး တိုက်ခိုက်မှုတွေ ရပ်နားထားသင့်ပါတယ်" လို့ ရေးတင်ခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment