ကိုယ်ကျင့်တရားနဲ့ ပက်သတ်ပြီး ကျနော်တို့ကို လာဆုံးမစရာမလိုဘူးလို့ အိန္ဒိယက ဥရောပကိုပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုယ်ကျင့်တရားနဲ့ ပက်သတ်ပြီး ကျနော်တို့ကို လာဆုံးမစရာမလိုဘူးလို့ အိန္ဒိယက ဥရောပကိုပြော


ဇွန် - ၁၅ ( တနင်္လာနေ့ ) 

"အနောက်နိုင်ငံများအနေဖြင့် အခြားသော ကိစ္စရပ်များတွင် ၎င်းတို့ကိုယ်တိုင် မပြတ်မသားဖြစ်နေတာကို ထည့်သွင်းစဉ်းစားဖို့လိုကြောင်း နဲ့  ဥရောပနိုင်ငံများအနေဖြင့် အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒ ရပ်တည်ချက်များ အပေါ် ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးမဩဝါဒပေးနေခြင်းများကို ရပ်တန့်သင့်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ က ပြောကြားလိုက်ပါတယ်။ 

ဖင်လန်နိုင်ငံသို့ ကြာသပတေးနေ့က ရောက်ရှိနေစဉ် ယူကရိန်းပဋိပက္ခ နဲ့ ရုရှားထံမှ ရေနံဝယ်ယူမှုအပေါ် နယူးဒေလီ (အိန္ဒိယအစိုးရ) ရဲ့ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်တဲ့ မေးခွန်းများကို ဂျိုုင်ရှန်က အဲ့လိုပြောလိုက်တာပဲ ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံရဲ့ ရုရှားထံမှ ရေနံဝယ်ယူမှု တိုးမြှင့်လာခြင်းအပေါ် မေးမြန်းသည့် မေးခွန်းတစ်ခုကို ၎င်းက 'ကျနော်တို့ကတော့ ဈေးနှုန်းနဲ့ ရရှိနိုင်မှုအပေါ် မူတည်ပြီး ရေနံကို ဝယ်ယူတာပါ' လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 'အဲ့ဒီအချိန်တုန်းက ဥရောပနိုင်ငံတွေက ကျနော်ပုံမှန်ဝယ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ ကိုပြုံပြီးတိုးဝင်လာခဲ့ကြတယ်လေ။ အဲ့တော့ ကျနော်တို့က ခင်ဗျားတို့ပေးတဲ့ ဈေးနဲ့ မဝယ်နိုင်တော့လို့ ဈေးသက်သာတဲ့ ရုရှား ရေနံတွေဘက်ကို ဦးလှည့်လိုက်တာလေ’ လို့ ဆိုပါတယ်။ 

ဂျိုင်ရှန်ကာက အခြားဘူမိနိုင်ငံရေး ပြဿနာရပ်များအပေါ် အနောက်နိုင်ငံများရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ရှင်းလင်းပြတ်သားမှု မရှိခြင်းကို ဆက်လက်ဝေဖန် ထောက်ပြခဲ့ပါတယ်။ 'ဘယ်ဥရောပနိုင်ငံမှ အိန္ဒိယရဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခြင်း မခံခဲ့ရပါဘူး။ အိန္ဒိယအပေါ် အနောက်နိုင်ငံတွေရဲ့ လက်နက်တွေ သုံးစွဲမှုနဲ့ ပတ်သက်ရင်လည်း (အိန္ဒိယလိုပဲ ဘေးကင်းပါတယ်လို့) ကျနော် ပြောနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ' လို့ ပြောလိုက်ပါတယ်။

"ဥရောပဟာ အိန္ဒိယကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုမယ့် လက်နက်တွေကို ရောင်းချနေတာပါ။ အခုတင်မဟုတ်ဘဲ နှစ်ပေါင်းများစွာကတည်းကပါ။ ကျနော်တို့ အိန္ဒိယလူမျိုးတွေကတော့ ဥရောပကို အန္တရာယ်ဖြစ်စေမယ့် ဘာတစ်ခုကိုမှ ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ ဒါဟာ ကျိုးကြောင်းဆီလျော်တဲ့ အချက်တစ်ချက်လို့ ကျနော် ထင်ပါတယ်’ လို့ ဂျိုင်ရှန်ကာက အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်တွင် ရုရှားအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက်ပိုင်းမှသာ နယူးဒေလီ (အိန္ဒိယအစိုးရ) က ရုရှားရေနံကို အဓိကဝယ်ယူသူ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ် ။ လက်ရှိတွင် အိန္ဒိယနိုင်ငံကို ရုရှားတစ်နိုင်ငံတည်းကမှ မဟုတ်ဘဲ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ စွမ်းအင် (ရေနံ) တင်သွင်းနေတာပါလို့ ပြောပါတယ်။ 'အဲ့ဒီအချိန်တုန်းက ရေနံဈေးကွက်ကို တည်ငြိမ်အောင် ထိန်းညှိဖို့အတွက် ရုရှားရေနံကို ဝယ်ယူဖို့ အမေရိကန်ကိုယ်တိုင်က အိန္ဒိယကို အတိအလင်း တောင်းဆိုခဲ့တာပါ' လို့ ဝန်ကြီးက ဆိုပါတယ်။ 

'အခုလက်ရှိ အခြေအနေကို ကြည့်မယ်ဆိုရင် ရုရှားရေနံဝယ်ယူမှုအတွက် ကျွန်တော်တို့အပေါ် ပထမဆုံး အခွန်အခတွေ စည်းကြပ်ခဲ့ပြီးတဲ့နောက်၊ အမေရိကန်ကပဲ ၎င်းတို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပြန်ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ ကြီးမားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူဝါဒတွေ ပါဝင်ပတ်သက်နေသလိုမျိုး ဟန်ဆောင်မနေကြပါနဲ့။ ဒီအခြေအနေကို သူတော်ကောင်းယောင်ဆောင်ပြီး လိုက်လံအပြစ်တင် ဝေဖန်နေဖို့ မလိုပါဘူး' လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)