Pages

Pages

ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Online ဖြင့် အစည်းအဝေးပြုလုပ်



ဟားခါး၊ ဇွန် ၈

ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သစ်ခွဲသားတန်ချိန်  ၂၇၁ ဒသမ ၁၈၅ တန်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မှတစ်ဆင့် ချင်းပြည်နယ်သို့ ပို့ဆောင်နိုင်ရေးအစည်းအဝေးကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက Online ဖြင့်ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံးခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့သည် တီးတိန်မြို့မှ လည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း အထွေထွေမန်နေဂျာ ဦးမိုးမြင့်၊ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကလေးမြို့မှ လည်းကောင်း တက်ရောက်ကြသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖလမ်းမြို့တွင် သစ်ခွဲသား ၁၉၀ တန်၊  တီးတိန်မြို့တွင် သစ်ခွဲသား ၃၀ တန်၊ တွန်းဇံမြို့တွင် သစ်ခွဲသား ၅၁ ဒသမ ၁၈၅ တန် ကို ကလေးမြို့မှတစ်ဆင့် အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment