ဂန့်ဂေါ၊ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)ဖြင့် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဖြေဆိုလျက်ရှိရာ အခြေခံပညာ အထက်တန်းကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။
အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)ဖြင့် Grade-1 မှ Grade-8 ထိ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား(၃၇၅)ဦး၊ ကျောင်းသူ(၅၅၇)ဦး စုစုပေါင်း(၉၃၂)ဦးရှိပြီး လာရောက်ဖြေဆိုသူ ကျောင်းသား (၃၃၄)ဦး၊ ကျောင်းသူ(၄၇၉)ဦး စုစုပေါင်း(၈၁၃)ဦးရှိကာ ပျက်ကွက်သူ ကျောင်းသား(၄၁)ဦးနှင့် ကျောင်းသူ (၇၈)ဦး စုစုပေါင်း(၁၁၉)ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်း(၈၇.၂၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)ဖြင့် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက် အတွင်းစည်း/အပြင်စည်းများတွင် လုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့သည်။
အဆိုပါ စာမေးပွဲဖြေဆိုနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးဝင်းမြင့်၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာယာ စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအနီးပတ်ဝန်းကျင်၌ ဆူညံသံများနှင့် အနှောင့်အယှက်များမရှိစေရေး ကြီးကြပ်ကာဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မေ မောင်မျိုးမင်း
#MNP #News






No comments:
Post a Comment