Pages

Pages

ဖေ့စ်ဘုတ် ( မက်တာ) က အိန္ဒိယရဲ့ နာမည်ကြီး Startup တစ်ခုဖြစ်တဲ့ Cred မှာ ဒေါ်လာ သန်း ၉၀၀ ရင်းနှီးမြှုပ်နှံ လိုက်လို့ စိုးရိမ်မှုတွေ မြင့်တက်လာ




ဇွန် - ၂၆ (သောကြာနေ့ ) 

ဖေ့စ်ဘုတ်မိခင်ကုမ္ပဏီ (မက်တာ)က အိန္ဒိယရဲ့ ဘဏ္ဍာရေးနည်းပညာ Startup တစ်ခုဖြစ်တဲ့ Cred ရဲ့ ရှယ်ယာ ၂၀% ကို ဒေါ်လာ သန်း ၉၀၀ နဲ့ ဝယ်ယူလိုက်ပါတယ်။ Cred ရဲ့ ကုမ္ပဏီတန်ဖိုးက ဒေါ်လာ ၄.၅ ဘီလီယံ ကိုရောက်သွားပါတယ်။ 

အဲ့ဒိဝယ်ယူမှုကြောင့် Cred ကုမ္ပဏီကို တည်ထောင်သူ ကူနယ်လ်ရှား က မက်တာကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ WhatsApp အကြီးအကဲ ဖြစ်လာတော့မှာပါ။

အိန္ဒိယမှာ WhatsApp သုံးသူ သန်း ၈၅၀ ကျော် (ကမ္ဘာ့အများဆုံး) ရှိပေမဲ့ WhatsApp Pay နဲ့ ငွေပေးချေမှု ကဏ္ဍမှာ Google Pay နဲ့ PhonePe ကို မယှဉ်နိုင်သေးပါဘူး။ Cred မှာက အိန္ဒိယရဲ့ ခရက်ဒစ်ကတ် ဘေလ်ဆောင်သူတွေထဲက ငွေကြေးတတ်နိုင်တဲ့ အထက်တန်းလွှာ အသုံးပြုသူတွေ အများကြီးရှိတာကြောင့် မက်တာ က ဒီလူတွေကို ပစ်မှတ်ထားပြီး WhatsApp ထဲမှာ ငွေပေးချေမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ချင်လို့ ဖြစ်ပါတယ်။

Cred ဟာ အိန္ဒိယ ခရက်ဒစ်ကတ် ဘေလ်ပေးချေမှုတွေရဲ့ ၄၀% ကျော်ကို ကိုင်တွယ်နေတာပါ။ အမေရိကန် ကုမ္ပဏီကြီး ဖြစ်တဲ့ မက်တာ က အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာရဲ့ အရေးကြီးတဲ့ ဘဏ္ဍာရေး အချက်အလက် တွေကို ရယူ အသုံးချသွားမှာကို ကျွမ်းကျင်သူတွေ စိုးရိမ်နေကြပါတယ်။ Cred ဘက်ကတော့ မက်တာ ကို  စားသုံးသူအချက်အလက်တွေ မျှဝေမှာမဟုတ်ဘူးလို့ ပြောထားပေမဲ့၊ အိန္ဒိယရဲ့ စီးပွားရေးအရ အချက်အချာကျတဲ့ အချက်အလက်တွေ ပြည်ပကို စီးဆင်းသွားမလားဆိုပြီး အိန္ဒိယ အာဏာပိုင်တွေနဲ့ ကုန်သွယ်ရေးအဖွဲ့တွေက စောင့်ကြည့်နေပါတယ်။

ဒီသဘောတူညီချက်ဟာ အိန္ဒိယရဲ့ ဒီဂျစ်တယ်ငွေပေးချေမှု ကဏ္ဍကို အများကြီး ပြောင်းလဲစေနိုင်ပေမဲ့၊ တစ်ဖက်မှာလည်း ပြည်သူတွေရဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေ လုံခြုံပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ တက်လာတာပဲ ဖြစ်ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment