ရွှေညောင် စခန်းမှူး ရဲအုပ်ဇော်သူ အား AI အသံဖိုင်ဖြင့် မမှန်သတင်း ဖြန့်ဝေ၍ တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေညောင် စခန်းမှူး ရဲအုပ်ဇော်သူ အား AI အသံဖိုင်ဖြင့် မမှန်သတင်း ဖြန့်ဝေ၍ တိုက်ခိုက်


ရွှေညောင်၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်သူ အား Facebook တွင် Zayar Tun အမည်ဖြင့်လည်းကောင်း Tiktok လူမှုကွန်ရက်စာမျက်နှာတွင် ARNO အမည်ဖြင့် အသုံးပြု၍လည်းကောင်း AI ဖြင့် အသံဖိုင်ဖွင့် စခန်းမှူး၏ ဓာတ်ပုံကို အသုံးပြုကာ ပုဂ္ဂိုလ်ရေးဆန်ဆန် လုပ်ကြံသတင်းဖြန့်ဝေမှုကို ပြည်ဖျက်မီဒီယာများက ကူယူဖော်ပြမှုများပြုလုပ်ထားသဖြင့် ပျံ့နှံ့လျှက်သည်။

Facebook တွင် Zayar Tun အမည်ဖြင့် အသုံးပြုနေသည်မှာ စခန်းမှူး ရဲအုပ်ဇော်သူ နှင့် ပတ်သက်သည့် ပို့စ်ကို ဖော်ပြနိုင်ရန်ဖွင့်လှစ်ထားပြီး တောင်ကြီး၊ ရွှေညောင် facebook group များတွင် ပျံ့နှံ့အောင် ဖြန့်ဝေထားသည်ကို တွေ့ရသည်။

အဆိုပါ AI ဖြင့် ပြုလုပ်ထားသည့် အသံဖိုင်တွင်  ရပ်စောက်ဘက်မှ လာသည့် မှောင်ခိုကုန်ကားများထံမှ စနစ်တကျ ဆက်ကြေးကောက်ယူနေကြောင်း၊ သူ့ကိုယ်စား ပိုက်ဆံရှာပေးနေသည့် တပည့်ဖြစ်သူ ရခိုင်သို့ ပြောင်းမိန့်ကျလာစဉ် အခြားရဲဘော်တစ်ဦးအား အစားထိုးပြောင်းရွှေ့ခံရအောင် ငွေကျပ် သိန်း (၂၀) ဖြင့် လာဘ်ထိုး ဆောင်ရွက်ခဲ့ကြောင်း၊ မပြောင်းဘဲ ကျန်ခဲ့သည့် ဒုတပ်ကြပ် ထွန်းထွန်းဝင်းအား တောင်နီနယ်ထိန်းအဖြစ် တာဝန်ပေးကာ ရပ်စောက်-ရွှေညောင် လမ်းပိုင်းရှိ မှောင်ခိုကုန်ကားများထံမှ ဆက်ကြေးငွေ တောင်းခံခိုင်းနေခြင်း ဖြစ်ကြောင်း၊ မှောင်ခိုကုန်သည်များသည် ရဲအုပ်ဇော်သူ အဖွဲ့ထံ ကြိုတင် လိုင်းကြေး ပေးသွင်းရပြီး ပိုက်ဆံ မပေးသည့် ကားများကိုသာ ဖမ်းဆီးလေ့ရှိကြောင်း ဖြင့် ရည်ရွယ်ချက်ရှိရှိ ပုဂ္ဂိုလ်ရေးဆန်သည့် ဖော်ပြချက်ကို တွေ့ရသည်။

Facebook, tiktok မှ ဖော်ပြထားသူ၏ လုပ်ရပ်နှင့် ပတ်သက်၍ မှတ်ချက်ပေးသူတချို့လည်း စခန်းမှူးအနေဖြင့် ထိုသို့ လုပ်ဆောင်ခြင်းမရှိကြောင်း တုန့်ပြန်ထားသည်ကို တွေ့ရသည်။

ARNO ဖော်ပြထားသည့် AI အသံဖိုင်တွင် မှတ်ချက်ပေးထားသူများက - 

Gomiu - နယ်မြေစခန်းမှူး လက်အောက်တဖဝများအား ပြောင်းရွှေ့ခွင့်မရှိပါ အာနိုးတင်တာတွေမှားနေတယ်၊ 

ဇွန်ပြည့်ဆုန်ဖြိုး - ရွှေညောင်ရဲစခန်းမှာ နေလာတာ ၃နှစ်ကျော်နေပါပြီ စခန်းမှူးရဲအုပ်ဇော်သူက အောက်ကတပ်ဖွဲ့ဝင်တွေ အပေါ် အရမ်းကောင်းတဲ့ သူတယောက်ပါ ဒီနယ်မြေ က လူတေလဲ သိပါတယ် ရဲအုပ်အဆင့်က မိမိသဘောအလျောက် ပြောင်းရွှေ့ခွင့်မရှိပါဘူး မဟုတ် တဲ့သတင်းတွေ မတင်ကြပါနဲ့။ 

နန်းခိုင်ခိုင်ဝေ offical9 - လူတစ်ယောက်ကိုရေးတော့မယ်ပြောတော့မယ်ဆိုရင် အကောင်းဖက်ကရေးစေပြောစေခြင်ပါ တယ်Admin... အကောင်းဆုံးရပ်တည်ပြီး ကိုယ့်နယ်မြေမှာ အမှုအခင်းကင်း ရှင်းအောင် လုပ်ခဲ့တာ ကြာခဲ့ပါပြီ ယခုတိုင်လည်းဆက်လက်လုပ်ကိုင်လျက် ရှိပါတယ်... မဟုတ်မမှန်သတင်းတွေကိုတင်ပြီး ကိုယ်.Followerတိုးရေးအတွက် သူများမိသားစုကို image ပျက်အောင် မလုပ်ပါနဲ့။

ဖြိုးမမ - မဟုတ်မမှန်သတင်းတွေမတင်စမ်းပါနဲ့ ငါတိုလဲ ဒီမြို့ မှာနေလာတာပါ စခန်းမှူးဆိုတာ ဒီလိုလူစားမဟုတ် ဘူး သတင်းအတိကျရေးပြီးတင်ပါ အဲ့လိုမဟုတ်မမှန်သတင်းတွေ တင်တော့ ကိုယ့် မိသားစု သူ့မိသားစု ကိုယ်ချင်းစားလေးတော့ထား သင့်တာပေါ့ တခြားသူ တွေလဲနစ်နာတယ် သူလဲ နစ်နာတယ်လေ သတင်းကို တိတိကျကျမှန်မှန်ကန် ကန် ရေးတင်သင့်ပါတယ် အရာအားလုံးသိချင်ရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

U Aung Ko Ko Naing - ဒဲ့ပဲပြောမယ်၊ အဲ့ကောင်လူမှန်င ါစကားပြောဖူးတယ် ကလိမ်ကကျစ်မဟုတ်တာ မတင်ပါနဲ့ကွာ ငါနယ်ခြားစောင့်တပ်က အဲ့ကောင်ငါမြင်ဖူးတယ် လူရိုးပါ ဟု တုန့်ပြန်ထားသည်များကို တွေ့ရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)