Pages

Pages

အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar၊ Prothrapur ရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်းစိစစ်ပြီးသူ မြန်မာရေလုပ်သား (၂၆) ဦးအား အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့






နယူးဒေလီ၊ ဇူလိုင် ၂၇

အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar၊ Prothrapur ရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်းစိစစ်ပြီးသူ မြန်မာရေလုပ်သား (၂၆) ဦးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၁:၅၅ နာရီတွင် အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar ရှိ ပို့ဘလဲမြို့၊ Veer Savarkar အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ  Netaji Subash Chandra Bose လေဆိပ်သို့ ထွက်ခွာခဲ့ပြီး ညနေ ၁၉:၂၀ နာရီတွင် Netaji Subash Chandra Bose လေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ဆက်လက်ထွက်ခွာသွားခဲ့သည်။

ထိုသို့ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးသည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန (Ministry of External Affairs - MEA)၊ Andaman & Nicobar Islands ရှိ နိုင်ငံခြားသားများ ဒေသဆိုင်ရာမှတ်ပုံတင်ရေးရုံး (Foreign Regional Regulation Office - FRRO) တို့နှင့်လည်းကောင်း၊ ကော်လ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့်လည်းကောင်း အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြန်မာရေလုပ်သားများအား နေရပ်သို့ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် လိုအပ်သော ခွင့်ပြုမိန့်များတောင်းခံခြင်း၊ ရေလုပ်သား(၂၆) ဦး ခရီးသွားလာရာတွင် လိုအပ်သည့် တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များ (C of I) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


#MNP #News

No comments:

Post a Comment