ကမ္ဘာ့ဖလားကို အပူလှိုင်းက ခြိမ်းခြောက်နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့ဖလားကို အပူလှိုင်းက ခြိမ်းခြောက်နေပြီ


ဇူလိုင် - ၄ ( စနေနေ့ ) 

အမေရိကန်ပြည်ထောင်စုမှာ အပြင်းအထန် ခံစားနေရတဲ့ အပူလှိုင်းကြောင့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေနဲ့ ဇူလိုင်လ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကြီးတွေအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ မြို့တော်တော်များများမှာဆိုရင်လည်း အပူချိန်ဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံးအထိ ရောက်ရှိနေတာပါ။

ဒီအပူလှိုင်းဟာ အမေရိကန်နိုင်ငံရဲ့ လူအစည်ကားဆုံး အပြင်ထွက် အားလပ်ရက်တွေထဲက တစ်ခုဖြစ်တဲ့ လွတ်လပ်ရေးနေ့ သီတင်းပတ်ကုန်ရက်မှာပဲ နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသ အများအပြားကို ရိုက်ခတ်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ လွတ်လပ်ရေးနေ့ကို စီတန်းလှည့်လည်ပွဲတွေ၊ လူထုစုဝေးပွဲတွေ၊ မီးရှူးမီးပန်း ပစ်ဖောက်မှုတွေနဲ့ ဆင်နွှဲနေကြသလို ဝါရှင်တန်ဒီစီမှာဆိုရင်လည်း နိုင်ငံတည်ထောင်ခြင်း ၂၅၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပနေပါတယ်။

နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၀၀ ဒီဂရီ ဖာရင်ဟိုက်) အထိ ရှိခဲ့လို့ ဒါဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း အပူဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ ဖီလာဒဲလ်ဖီးယားမြို့မှာလည်း ၃၉ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၀၃ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး ဒါဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး အပူချိန်ပါပဲ။ မြို့တော် ဝါရှင်တန်ဒီစီမှာလည်း ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ်ဝန်းကျင် အပူချိန်မျိုးနဲ့ ရက်ဆက် ခံစားရနိုင်ခြေ ရှိနေလို့ ဒါဟာ မြို့တော်အတွက်တော့ ကြုံတောင့်ကြုံခဲ ပြင်းထန်တဲ့ အပူလှိုင်း ရက်ဆက်မှုမျိုး ဖြစ်လာနိုင်ပါတယ်။

ဒီလို ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတို့မှာ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေကိုပါ ရိုက်ခတ်နေပါတယ်။ အခုဆိုရင် ရှုံးထွက်အဆင့် ပွဲစဉ် တော်တော်များများကို နေရောင်ခြည် တိုက်ရိုက်ကျရောက်ပြီး အမိုးအကာ သိပ်မရှိတဲ့ ကွင်းပြင်ပဟင်းလင်းပြင် အားကစားကွင်းတွေမှာ ယှဉ်ပြိုင်နေရတာဖြစ်ပြီး အဲဒီအထဲမှာ တိုရွန်တို၊ ဖီလာဒဲလ်ဖီးယားနဲ့ ကန်းဆက်စီးတီးမြို့တွေက အားကစားကွင်းတွေလည်း ပါဝင်နေပါတယ်ခင်ဗျာ။

ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ပရိသတ်တွေအနေနဲ့ ရေများများသောက်ကြဖို့၊ အရိပ်ရတဲ့နေရာတွေမှာ နေကြဖို့နဲ့ အယ်လ်ကိုဟော သောက်သုံးမှုကို ဆင်ခြင်ကြဖို့ တိုက်တွန်းထားသလို၊ ဖီဖာ (FIFA) ကလည်း ကစားသမားတွေအတွက် မဖြစ်မနေ ရေဆာဖြေဖျောက်နားချိန်တွေကို ထည့်သွင်းပေးထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အပူလှိုင်းကြောင့် သေဆုံးသူဦးရေ ၂၀၀၀ ကျော်နေပြီး ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အဆိုးဝါးဆုံးခံစားနေရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)