Pages

Pages

အိန္ဒိယနဲ့ အင်ဒိုနီးရှားပေါင်းပြီး ကန်ဒေါ်လာလျှော့သုံးဖို့ သဘောတူညီချက်တွေ လုပ်ပြီ



ဇူလိုင် - ၇ ( အင်္ဂါနေ့ ) 

အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရမှုကို လျှော့ချဖို့အတွက် အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံတို့ဟာ မိမိတို့နိုင်ငံတွင်းသုံး ငွေကြေးတွေနဲ့ပဲ တိုက်ရိုက်အခြေချပေးချေမယ့်စနစ် (LCS) ကို အသုံးပြုပြီး ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေးတွေကို မြှင့်တင်နေကြတယ်လို့ ထိပ်တန်းသံတမန်တစ်ဦးက RT India သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီ က ဂျာကာတာမြို့ကို မလာရောက်ခင် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အင်ဒိုနီးရှားသံရုံးရဲ့ ဒုတိယအကြီးအကဲ ယုဓို ဆာဆွန်ကို  က အခုလို ငွေကြေးဆိုင်ရာ အခြေချပေးချေမှု မူဘောင်တစ်ခုအတွက် အင်ဒိုနီးရှားဗဟိုဘဏ်နဲ့ အိန္ဒိယဗဟိုဘဏ်တို့ သဘောတူညီမှု ရရှိထားကြပြီးဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

မနေ့က ဂျာကာတာကို ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် မိုဒီကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို ကိုယ်တိုင် လေဆိပ်အထိ လာရောက်ပြီး နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အိန္ဒိယဝန်ကြီးချုပ်ရဲ့ လေယာဉ်ဟာ အင်ဒိုနီးရှား လေပိုင်နက်ထဲကို စတင်ဝင်ရောက်လာကတည်းက အင်ဒိုနီးရှားလေတပ်ရဲ့ တိုက်လေယာဉ်တွေက ဝန်းရံစောင့်ရှောက် လိုက်ပါပေးခဲ့ကြပါတယ်။

ဒီငွေကြေးစနစ်နဲ့ ပတ်သက်ပြီး ဆာဆွန်ကိုက “ဗဟိုဘဏ်တွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ဆက်ပြီး လုပ်ဆောင်နေကြတုန်းပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် “ဒီစနစ်သာ အဆင်သင့်ဖြစ်သွားရင် လုပ်ငန်းဆောင်ရွက်ခ ကုန်ကျစရိတ်တွေကို လျှော့ချပေးနိုင်မှာဖြစ်သလို၊ အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရမှုကိုလည်း လျော့နည်းစေမှာဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ပိုမိုချောမွေ့လွယ်ကူစေမှာ ဖြစ်ပါတယ်” လို့ သူက ရှင်းပြထားပါတယ်။ ဒါတင်မကသေးဘဲ ခရီးသွားဧည့်သည်တွေအတွက် လက်လီငွေပေးချေမှုတွေ ပိုပြီးလွယ်ကူစေဖို့ QR ကုဒ်  စနစ်တွေ ချိတ်ဆက်အသုံးပြုနိုင်ရေးကိုလည်း အလားအလာရှိတဲ့ လမ်းကြောင်းတစ်ခုအနေနဲ့ ရှာဖွေဖော်ထုတ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၂၅ ဘဏ္ဍာနှစ်မှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၂၈.၁၆ ဘီလီယံအထိ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံဆီကနေ အဓိကအားဖြင့် တွင်းထွက်လောင်စာတွေ (အထူးသဖြင့် ကျောက်မီးသွေး)၊ စားအုန်းဆီ၊ သံနဲ့ သံမဏိတို့ကို အဓိက တင်သွင်းတာ ဖြစ်ပါတယ်။ ပြီးတော့ ၂၀၀၀ ပြည့်နှစ် ဧပြီလကနေ ၂၀၂၅ ခုနှစ် မတ်လအထိ ကာလအတွင်းမှာ ဂျာကာတာ (အင်ဒိုနီးရှား) ကနေ အိန္ဒိယနိုင်ငံထဲကို လာရောက်မြှုပ်နှံခဲ့တဲ့ စုစုပေါင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏဟာ ဒေါ်လာ ၆၅၉.၃၀ သန်း ရှိခဲ့ပါတယ်။


REF - RT

#MNP #News

No comments:

Post a Comment