Pages

Pages

တရုတ်နိုင်ငံတောင်ပိုင်းကို တိုင်ဖွန်း ဟုန်းရှာ ဝင်မွှေနေပြီ




ဇူလိုင် - ၂၇ ( တနင်္လာနေ့ ) 

နိုင်ငံတကာမှာ "နူးလ်" လို့ လူသိများကြတဲ့ တိုင်ဖုန်းမုန်တိုင်း "ဟုန်းရှာ"  ဟာ တနင်္ဂနွေနေ့ စောစောပိုင်းက တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်တုန်းပြည်နယ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်တောင်ပိုင်းနဲ့ ဟောင်ကောင်တစ်ခွင်မှာ လူပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသလို၊ သွားလာရေး လမ်းကြောင်း တွေ အကြီးအကျယ် ပိတ်ဆို့ကြန့်ကြာခဲ့ရပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဗဟိုဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီမုန်တိုင်းဟာ ယခုနှစ်အတွင်း တရုတ်နိုင်ငံကို စတင်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အားအပြင်းဆုံးဖြစ်ပြီး ယခုနှစ်ရဲ့ ၁၂ ခုမြောက် အပူပိုင်း မုန်တိုင်းလည်း ဖြစ်ပါတယ်။ မုန်တိုင်းဟာ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မနက် ၃:၅၀ နာရီ (ဂရင်းနစ်စံတော်ချိန် စနေနေ့ ည ၁၉:၅၀ နာရီ) ခန့်မှာ ဟွေကျိုးမြို့၊ ဟွေတုန်းခရိုင်၊ ပင်းဟိုင်မြို့ငယ်အနီးကို တိုက်ခိုက်ခဲ့တာပါ။ မုန်တိုင်းဗဟိုချက် အနီး အမြင့်ဆုံး လေတိုက်နှုန်းကတော့ တစ်နာရီကို ၁၆၂ ကီလိုမီတာ (မိုင် ၁၀၀) အထိ ရှိခဲ့ပြီး ဒါဟာ ယခုနှစ်အတွင်း ဂွမ်တုန်းပြည်နယ်ကို ပထမဆုံးအကြိမ် တိုက်ရိုက်ဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။

ရေကြီးတာနဲ့ မြေပြိုမှာကို စိုးရိမ်ရတာကြောင့် မုန်တိုင်းမလာခင် ပြည်နယ်တစ်ဝှမ်းက လူပေါင်း ၇၁၅,၀၀၀ ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ တာဝန်ရှိသူတွေကလည်း မြို့ပေါင်း ၁၂ မြို့မှာ ကျောင်းတွေ၊ ရုံးတွေ၊ စက်ရုံထုတ်လုပ်မှုတွေ၊ သွားလာရေးလမ်းကြောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ခေတ္တရပ်နားထားခဲ့ပါတယ်။

ဒီတိုင်ဖုန်းမုန်တိုင်းကြောင့် ဒေသတစ်ခုလုံးမှာ သွားလာလှုပ်ရှားမှုတွေ ကြန့်ကြာပျက်စီးခဲ့ရတာပါ။ ဂွမ်တုန်းပြည်နယ်မှာဆိုရင် အမြန်ရထားခရီးစဉ် ၁၉၀ ကျော်ကို ဖျက်သိမ်းခဲ့ရသလို၊ ပုံမှန် ရထားပြေးဆွဲမှုတွေ ကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။

ဟောင်ကောင်-ကျူးဟိုင်း-မကာအို တံတားကြီးကိုလည်း သွားလာလှုပ်ရှားမှုတွေ ယာယီပိတ်ထားခဲ့ရသလို၊ ဟောင်ကောင်၊ ဂွမ်ကျိုး၊ ရှန်ကျန်း၊ ကျူးဟိုင်းနဲ့ ရှာမန်မြို့တွေမှာရှိတဲ့ လေဆိပ်တွေလည်း အတော်လေး ထိခိုက်ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ ဂွမ်ကျိုး၊ ရှန်ကျန်းနဲ့ ဟောင်ကောင်မြို့တွေမှာဆိုရင် လေကြောင်းခရီးစဉ် ပေါင်း ၁,၈၀၀ ကျော် ဖျက်သိမ်း/ရပ်နားထားခဲ့ရပါတယ်။

မုန်တိုင်းနူးလ်ဟာ ဟောင်ကောင်မြို့ရဲ့ ကီလိုမီတာ ၈၀ အကွာအဝေးအတွင်းကနေ ဖြတ်သန်းသွားခဲ့တာကြောင့် ဟောင်ကောင် မိုးလေဝသလေ့လာရေးစခန်းက မြို့ရဲ့ ဒုတိယအမြင့်ဆုံး အပူပိုင်းမုန်တိုင်း သတိပေးချက်ဖြစ်တဲ့ "အမှတ် ၉ မုန်တိုင်းသတိပေးချက်" အထိ စတင်တိုးမြှင့် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သတိပေးချက်အဆင့်ကို ပြန်လည်လျှော့ချပေးခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment