ကျိုက်ထို၊ ဇူလိုင် ၂၉
ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာအခါတော်နေ့) ဇူလိုင်(၂၉)ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ဝါဆိုသင်္ကန်းကပ်သူများ၊ ဥပုသ်သီလစောင့်တည်သူများ၊ ဘုရားဖူးသူများ ၊ ရပ်ဝေး၊ရပ်နီးမှ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့ ရောက်တိုင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပူဇော်ခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်း၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းနိုင်ရန် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းသို့ ဥပုသ်သီလလာရောက်စောင့်တည်သူများအား အလှူရှင်များက စတုဒီသာများကျွေးမွေးလျက်ရှိကြောင်းသိရသည်။
ထို့ပြင် မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများတွင်ရပ်နီး၊ရပ်ဝေးမှ ဘုရားဖူးပြည်သူများ၊ တရားထိုင်သူများ၊ ဆီမီး၊ပန်း၊ရေချမ်းဆက်ကပ်လှူဒါန်းသူများဖြင့်စည်ကားလျှက်ရှိကြောင်းသိရသည်။
ပြည့်ဖြိုး
#MNP #News





No comments:
Post a Comment