Pages

▼

Pages

▼

မော်လိုက်မြို့ ကြောင်ပန်းဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများဆောင်ရွက်


မော်လိုက်၊ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊‌ မော်လိုက်ခရိုင်၊‌ မော်လိုက်မြို့၌ သံဃာတော်များနှင့် သီလရှင်ဆရာလေးများ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဇူလိုင်လ (၁၁) ရက် နံနက် (၉) နာရီအချိန်က ‌ကြောင်ပန်းဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ကျော်စိုးဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစာင့်ရှောက်ရေးအသင်းအဖွဲ့များကပူးပါင်း၍ သံဃာ‌‌တော်များနှင့် သီလရှင်ဆရာလေးများကို သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစမ်းသပ်ပေးခြင်း၊ ဆေးထိုးခြင်း၊ ဆေးကပ်လှူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ထိုသို့ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအာင်နှင့်အဖွဲ့ဝင်များကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ကိုထက်

#MNP #News

No comments:

Post a Comment