ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ အခမဲ့ မျက်စိခွဲစိတ်ကုသပေးမှုအား သွားရောက်ကြည့်ရှု အားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ အခမဲ့ မျက်စိခွဲစိတ်ကုသပေးမှုအား သွားရောက်ကြည့်ရှု အားပေး







ပဲခူး၊ ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ(၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ အောင်သုခ ဆေးကုသဆောင်၌ မျက်စိခွဲစိတ်ကုသမှုပြီးစီးသည့် လူနာများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိ ခဲ့ပြီး လူနာများနှင့် နွေးနွေးထွေးထွေး တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျက်စိခွဲစိတ်ကုသမှုခံယူပြီးသူများအား မျက်စိကျန်းမာရေး မျက်မှန်များ တပ်ဆင်ပေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိဝေဒနာရှင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာများမှ မျက်စိဝေဒနာရှင် စုစုပေါင်းလူနာ(၁၂၀)ဦး ဇူလိုင်(၆)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသမှု အောင်မြင်ဆောင်ရွက်ပေးခဲ့နိုင်သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လမှ ဇူလိုင်လအထိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်း မျက်စိဝေဒနာရှင် စုစုပေါင်း(၁၀၀၀)ဦးကျော်အား အောင်မြင်စွာ အခမဲ့ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)