Pages

Pages

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနှင့် မိတ်ဆက်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အားပေး











ပုသိမ်၊ ဇူလိုင် ၃

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနှင့် မိတ်ဆက်ပွဲ ပုသိမ်မြို့တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းအနေဖြင့် မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစား နဲ့ မိတ်ဆက်ပေးသည့် AWFC Meet the futures အစီအစဉ်ကို ဧရာဝတီတိုင်း ဒေသခံ မိန်းကလေး ကလေးငယ် (၁၂၀) ဦးဖြင့် ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် Football For School အစီအစဉ်ကိုလည်း FIFA နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


ဓာတ်ပုံ - AWFC 

#MNP #News

No comments:

Post a Comment