Pages

Pages

အာဆီယံ-ရီရတ်ဒ် ကော်မတီအစည်းအဝေး နှင့် အလုပ်သဘောနေ့လည်စာစားပွဲသို မြန်မာသံအမတ်ကြီးတက်ရောက်



ရီရတ်ဒ်၊ ဇူလိုင် ၆

ရီရတ်ဒ်မြို Diplomatic Quarter ရှိ အာဆီယံ-ရီရတ်ဒ်ကော်မတီ (ASEA- Riyadh Committee -ARC) ၏ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ သံအမတ်ကြီး၏ နေအိမ်၌ ၅-၇-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ရီရတ်ဒ်ကော်မတီအစည်းအဝေးနှင့် အာဆီယံ သံအမတ်ကြီးများ အလုပ်သဘော နေ့လယ်စာစားပွဲသို ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးနေမျိုးဦးသည် အာဆီယံသံအမတ်ကြီးများနှင့်အတူပါဝင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် တက်ရောက်လာကြသည့် အာဆီယံ သံအမတ်ကြီးများသည် ဆော်ဒီ အာရေဗျနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသည့် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Yasunari Morino မှ လက်ရှိဖြစ်ပေါ်နေသည့် စွမ်းအင်ဆိုင်ရာ အခက်အခဲများနှင့် ဖြေရှင်းရန်နည်းလမ်းများ ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် အာဆီယံ-ရီရတ်ဒ်ကော်မတီ သံအမတ်ကြီးများသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး၊ မလေးရှားသံအမတ်ကြီးနှင့်ဇနီး တို့က အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ရာ မြန်မာသံအမတ်ကြီးသည် ဇနီးနှင့်အတူ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment