နေပြည်တော်၊ ဇူလိုင် ၁၀
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေ။ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသာ။ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက် ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံမဏ္ဍိုင်တစ်ခုဖြစ်ပြီ။ ပြည်သူအားလုံး လူမှုဘဝလုံခြုံမှုရရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချ နိုင်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူပြုပြီး အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုသည်မှာ လူတစ်ဦးချင်းနှင့် အိမ်ထောင်စုများကို စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် အန္တရာယ်ကျရောက်နိုင်မှုများမှ ကြိုတင်ကာကွယ် ပေးရေး၊ အခြေခံဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများအပါအဝင် စီးပွားရေးအခွင့် အလမ်းများ မြှင့်တင်ပေးနိုင်ရေး။ ရုတ်တရက်ဝင်ငွေဆုံးရှုံးမှုများနှင့် အရေးပေါ်အခြေအနေများ ကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အခက်အခဲအကြပ် အတည်းများ စီမံဖြေရှင်းနိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရက မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အစီအမံများဖြင့် စနစ်တကျ ချမှတ်ဆောင်ရွက်ပေးရသည့် လုပ်ငန်း ပ်ငန်းစဉ်များပင်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် တွင် အဓိကလုပ်ငန်းစဉ် (၈) ရပ်ဖြစ်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက် ၂ နှစ် အရွယ်အထိ ကလေးသူငယ်များကို ထောက်ပံ့ငွေပေ။အပ်ခြင်း။ ယင်းထောက်ပံ့ငွေကို အသက် ပိုကြီးသော ကလေးများအတွက် အဆင့်ဆင့်တိုးချဲ့ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း၊ ကျောင်းတွင်း အာဟာရကျွေးမွေးသော အစီအစဉ်များဆောင်ရွက် ခြင်း၊ အများပြည်သူအလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ လူမှုရေးပင်စင်အစီအစဉ်ဆောင်ရွက်ခြင်း၊ သက်ကြီးသူချင်း ကူညီစောင့်ရှောက် ရေးအဖွဲ့များအား ထောက်ပံ့ခြင်းနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ရေးဆွဲထားရှိကြောင်း၊ အဆိုပါမဟာဗျူဟာစီမံချက်ကို လူမှုကာကွယ် စောင့်ရှောက်ရေး၏ အဓိကအပိုင်းကဏ္ဍ ၄ ရပ် တို့ဖြင့် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း။
ဝန်ကြီးဌာနများအလိုက် လက်ရှိဆောင်ရွက်နေသည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းရပ်များ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ အပါ အဝင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ပြည်တွင်း၊ ပြည်ပ ပရဟိတအဖွဲ့အစည်းများသာမက ပြည်သူ များပါ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မဟာဗျူဟာလုပ်ငန်းစဉ်များအနက်မှ အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် လုပ်ငန်းစဉ်များကိုလည်း ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်သွားကြရန် အထူးမှာကြားလိုကြောင်း၊ လူမှုကာကွယ်စောင့် ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ထုတ်ပြန်ခဲ့သည်မှာ ၁၀ နှစ်ကျော် ပြီဖြစ်သဖြင့် ပြန်လည်သုံးသပ်ကာ ခေတ်နှင့်လျော်ညီပြီ။ ပိုမိုခိုင်မာသည့် လူမှုကာကွယ် စောင့်ရှောက်ရေး စနစ်တစ်ရပ် တည်ဆောက်သွားရန် လိုအပ်ကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းရပ်များ ဖြစ်သကဲ့သို့ ပြည်သူလူထုကို အမှန်တကယ် တိုက်ရိုက် အကျိုးပြုသည့် လုပ်ငန်းများလည်း ဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးသည် ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ပေးရုံသာမက နိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီ။ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် “ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်စေရ” ဆိုသည့် ရည်မှန်းချက်ဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ ပိုမိုအားကောင်းလာစေရေးအတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို သုံးသပ်အကြံပြု ဝိုင်းဝန်းဆွေးနွေး။ သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအ နေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး၊ ဒေါက်တာသန့်ဇော်လွင်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
#MNP #News



No comments:
Post a Comment