Pages

Pages

ပေါင်မြို့နယ် ကဒါရပ်ကွက်ရှိ လေဘေးသင့်ပြည်သူများအား ပံ့ပိုးငွေနှင့် အမျိူးသမီးသုံးပစ္စည်းများ ပေးအပ်






ပေါင်၊ ဇူလိုင်  ၁၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ကဒါရပ်ကွက်၌ ဇူလိုင်လ(၅)ရက်နေ့ ည‌ပိုင်းတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြည်သူများကို  ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုင်မောင်အေးနှင့်အဖွဲ့ဝင်များ၊မုဒုံမြို့နယ် လင်းလက်အနာဂတ်လူမှုအခြေပြုအဖွဲ့များမှ ပံ့ပိုးငွေနှင့်ပစ္စည်းများ‌ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုင်မောင်အေးနှင့်အဖွဲ့ဝင်များ၊တာဝန်ရှိသူများက  လေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အိမ်ထောင်စု (၉၂)စုရှိ ပြည်သူများအား တစ်အိမ်ထောင်လျှင် (၃၀,၀၀ဝိ/-) ကျပ် နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၇၆၀,၀၀ဝိ/-)၊ မုဒုံမြို့နယ် လင်းလက်အနာဂတ်လူမှုအခြေပြုအဖွဲ့မှ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများကို လေဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။


မွန်မလေး

#MNP #News

No comments:

Post a Comment