ဩစတြေးလျက အိန္ဒိယကို ယူရေနီယံတွေ ရောင်းပေးမယ်ဆိုပြီး သဘောတူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဩစတြေးလျက အိန္ဒိယကို ယူရေနီယံတွေ ရောင်းပေးမယ်ဆိုပြီး သဘောတူ


ဇူလိုင် - ၁၀ ( သောကြာနေ့ ) 

ဩစတြေးလျနိုင်ငံဟာ အိန္ဒိယနိုင်ငံကို ယူရေနီယံ ပံ့ပိုးပေးဖို့ သဘောတူညီလိုက်ပြီးဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယဘက်က နျူကလီးယား လက်နက်မပြန့်ပွားရေးစာချုပ် (NPT) ကို လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် ၂၀၁၄ ခုနှစ်ကတည်းက ၂ နိုင်ငံကြား အရောင်းအဝယ်ကိစ္စအတွက် စကားပြောဆိုမှုတွေမှာ ကြန့်ကြာနေခဲ့တဲ့ အခြေအနေကို အဆုံးသတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနဲ့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်တို့ဟာ ကြာသပတေးနေ့ က စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ဒါဟာ နျူကလီးယားကုန်ကြမ်း တင်ပို့ရေး သဘောတူညီချက်ကို ပိုမိုအဆင်ပြေချောမွေ့သွားစေတယ်လို့ မဲလ်ဘုန်းမြို့မှာ ပြုလုပ်တဲ့ ပူးတွဲကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

ဒီ ‘စီမံခန့်ခွဲမှုဆိုင်ရာ အစီအမံ’ ကြောင့် ဩစတြေးလျနိုင်ငံကနေ အိန္ဒိယနိုင်ငံဆီ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေ အတွက်သာမက နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ အကာအကွယ်ပေးမှုအောက်မှာ ရေရှည် ယူရေနီယံ တင်ပို့သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နျူကလီးယား ပစ္စည်းတင်သွင်းသူများအုပ်စု (NSG) မှာ အိန္ဒိယနိုင်ငံ က အဖွဲ့ဝင်ဖြစ်လာရေးအတွက်လည်း ဩစတြေးလျဘက်က ထပ်လောင်း ထောက်ခံပြောကြားခဲ့ပါတယ်။

"ကင်ဘာရာအစိုးရ (ဩစတြေးလျ) ဟာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေနဲ့ နျူကလီးယားလက်နက်တွေမှာ အသုံးပြုတဲ့ ရေဒီယိုသတ္တိကြွသတ္တု (ယူရေနီယံ) အများဆုံး ထွက်ရှိရာ ဒေသဖြစ်ပါတယ်။ ဒါပေမဲ့ ဩစတြေးလျနိုင်ငံမှာတော့ နျူကလီးယားဓာတ်အားပေးစက်ရုံဖြစ်ဖြစ်၊ နျူကလီးယားလက်နက်ဖြစ်ဖြစ် တစ်ခုမှမရှိတာကြောင့် ဒီသတ္တု အားလုံးကို ပြည်ပကိုပဲ တင်ပို့ပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ရုရှားနိုင်ငံတို့ကိုပဲ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေအဖြစ် အသိအမှတ်ပြုထားတဲ့ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) ကို လက်မှတ် မထိုးထားပါဘူး။ ဩစတြေးလျကတော့ ဒီစာချုပ်မှာ လက်မှတ်ရေးထိုးထားတာကြောင့် စာချုပ်ထဲမှာ မပါတဲ့ နိုင်ငံတွေကို ယူရေနီယံရောင်းချဖို့ ငြင်းဆန်ထားခဲ့တာပါ။

နယူးဒေလီအစိုးရ (အိန္ဒိယ) ဘက်ကတော့ ဒီစာချုပ်ဟာ ခွဲခြားဆက်ဆံမှုရှိတယ်လို့ ပြောဆိုထားပါတယ်၊ ဘာလို့လဲဆိုတော့ ၁၉၆၇ ခုနှစ် ဇန်နဝါရီလမတိုင်ခင်က နျူကလီးယားစမ်းသပ်မှုလုပ်ခဲ့တဲ့ နိုင်ငံတွေကိုပဲ တရားဝင် နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေအဖြစ် အသိအမှတ်ပြုထားလို့ပါ။ အိန္ဒိယဟာ သူတို့ရဲ့ ပထမဆုံး နျူကလီးယားလက်နက်ကို ၁၉၇၄ ခုနှစ်မှာ စမ်းသပ်ခဲ့တာဖြစ်ပြီး၊ ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအပြင် တရားဝင်နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)