Pages

Pages

ပခုက္ကူမြို့၌ ဒုတိယဝါဆိုလပြည့်နေ့တွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ စုပေါင်းဝါဆိုသင်္ကန်းဆက်လက်လှူဒါန်းပွဲကျင်းပ








ပခုက္ကူ၊ ဇူလိုင် ၂၉

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပထမဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့်ဧည့်သည်တော်များက “နမောတဿ”သုံး ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်) ဦးစီး ပဓာနနာယက နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တပညာဇောတ (အဘိဓဇမဟာရဋ္ဌဂုရု) အရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူဆောက် တည်ကာ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များ၊ ဂါထာတော်များ နာယူ ကြည်ညိုကြသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်) တိုက်အုပ်ဂဏဝါစကနာယကစာချ နိုင်ငံတော်သံဃ မဟာနာယအဖွဲ့ဝင် ဘဒ္ဒန္တသီဟ(အဂ္ဂမဟာပဏ္ဍိတ)အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ သာဓုအနုမောဒနာ တရားနာယူကြည်ညိုကာ  ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ပခုက္ကူတက္ကသိုလ်၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်နှင့် မြို့ပေါ်ရပ်ကွက်ရှိ ပါဠိတက္ကသိုလ်စာသင်တိုက်ကြီး များနှင့်ဘုန်းတော်ကြီးကျောင်းများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်းတော်များရွတ်ဖတ်ပူဇော် ခြင်း၊ ဥပုဒ်သီလတည်ဆောက်ခြင်း၊ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများကပ်လှူခြင်းတို့ဖြင့် ကုသိုလ်ယူဆောင်ရွက်ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment