Pages

Pages

တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူ မြန်မာ အလုပ်သမား (၄၆) ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်



ကူမင်း၊ ဇူလိုင် ၁၀

တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူ မြန်မာ အလုပ်သမား (၄၆) ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ရွှေလီမြို့ရှိ Xinjiang Garment အမည်ရှိ အထည်ချုပ်စက်ရုံတွင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံ ရသည့် မြန်မာအလုပ်သမား (၄၆) ဦးတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကူမင်းမြို့အနေဖြင့် တဲဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ရွှေလီမြို့ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးတို့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ကောင်စစ် ဝန်ချုပ်ရုံးမှ အရာထမ်း(၁)ဦးသည် ရွှေလီမြို့သို့ သွားရောက်၍ ရွှေလီမြို့ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံသို့ လွှဲပြောင်းရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကာ ၈-၇-၂၀၂၆ ရက်နေ့က ရွှေလီ-မူဆယ် နယ်စပ် ဖြတ်သန်းသွားလာရေးဂိတ်ဖြစ်သည့် နန်းတော်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။


#MNP #News


No comments:

Post a Comment