ဇူလိုင် - ၂၉ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်စစ်တပ်ရဲ့ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်နဲ့ ဆော်ဒီ တိုက်လေယာဉ်တွေဟာ အီရတ်နိုင်ငံ အရှေ့ပိုင်းတစ်ခွင်မှာရှိတဲ့ အီရန်နဲ့ မဟာမိတ်ပြုထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စခန်းတွေကို ပူးတွဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က နောက်ကွယ်က ခိုင်းစေနေတယ်လို့ ယူဆရတဲ့ အဖွဲ့တွေ အသုံးပြုနေတဲ့ လက်နက်စခန်းတွေနဲ့ ထောက်ပို့ စခန်းအမြောက်အမြားကို အမေရိကန်နဲ့ ဆော်ဒီ တိုက်လေယာဉ်တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း (CENTCOM) က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
"အမေရိကန်စစ်တပ်ရဲ့ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်နဲ့ ဆော်ဒီအာရေးဗီးယား စစ်တပ်တို့ဟာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ဆော်ဒီရဲ့ စွမ်းအင် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ IRGC က ညွှန်ကြားခဲ့တဲ့ အီရန်မဟာမိတ် သောင်းကျန်းသူတွေကို ဇူလိုင် ၂၈ ရက်နေ့က အီရတ်နိုင်ငံအတွင်း တိကျသေချာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်" လို့ စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
ဝါရှင်တန်ကတော့ ဒီစစ်ဆင်ရေးဟာ လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ညွှန်ကြားမှုနဲ့ ပြုလုပ်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မကကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ဘူးလို့ ပြောပေမဲ့ ပစ်မှတ်ထားခံရတဲ့ အီရတ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီတိုက်ခိုက်မှုတွေ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားမျိုး တင်ပြတာ သို့မဟုတ် အဲဒီအဖွဲ့တွေရဲ့ အမည်နာမကို တိတိကျကျ ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။
အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာတော့ အီရတ်နိုင်ငံ ဝါဆစ် ခရိုင်က ပြည်သူ့စစ်တပ်ဖွဲ့ စခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အခြေအနေတွေကို မြင်တွေ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အီရတ် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဘာဆရာ ခရိုင်တောင်ပိုင်းက အယ်လ်ဒိုင်ယာ နဲ့ အယ်လ်ဟာရီသာ ဒေသတွေမှာလည်း ပေါက်ကွဲမှုအမြောက်အမြား ဖြစ်ပွားခဲ့တယ်လို့ သိရပြီး၊ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရသူ အရေအတွက် အပြည့်အစုံကိုတော့ တိတိကျကျ မသိရသေးပါဘူး။
REF: RT
#MNP #News

No comments:
Post a Comment