Pages

▼

Pages

▼

ဂန့်ဂေါမြို့၌ (၇၉)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ






ဂန့်ဂေါ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၇၉)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း(ဂန့်ဂေါ)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

(၇၉)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများကို ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကဝင်ရောက် ယှဉ်ပြိုင်ကြပြီး မူလတန်းဆင့် ကဗျာပြိုင်ပွဲတွင် (၁၂)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၁၂)ဦး နှင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၂)ဦး၊ အလယ်တန်းဆင့် ကဗျာပြိုင်ပွဲတွင် (၁၀)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၁၀)ဦး နှင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၀)ဦး၊ အထက်တန်းဆင့် ကဗျာပြိုင်ပွဲတွင် (၈)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၈)ဦး နှင့် စာစီစာကုံးပြိုင်ပွဲတွင် (၈)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၉၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများယှဉ်ပြိုင်နေမှုအခြေအနေများကို တာဝန်ခံမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးရာထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

မောင်မျိုးမင်း

#MNP #News

No comments:

Post a Comment