ရန်ကုန်၊ ဇူလိုင် ၂၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေ ချောမွေ့စေရေးနှင့် ပြည်သူများခရီးသွားလာရာတွင် သက်သာချောင်ချိမှုရရှိစေရေးအတွက် YBS ခရီးသည်တင်ယာဉ်များနှင့် Taxi ယာဉ်များကို ဦးစားပေး၍ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အား ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ အဆိုပါဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့်အပြင် အာရှနိုင်ငံများထဲတွင် ဈေးနှုန်းအချိုသာဆုံးဖြစ်ပါသည်။
အာရှနိုင်ငံများ၏ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)ဈေးနှုန်းများ နှိုင်းယှဉ်ချက် သို့ရာတွင် အချို့သော YBS ခရီးသည်တင်ယာဉ်များအနေ ဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပြေးဆွဲ ခြင်းမပြုဘဲ စက်မှုဇုန်များတွင် စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသဖြင့်တာဝန် ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ YBS ခရီးသည်တင်ယာဉ်(၁၀)စီးသည် စက်ရုံတွင် ဖယ်ရီပြေးဆွဲနေကြာင်း စိစစ်တွေ့ရှိရသည့်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အဆိုပါ YBS ခရီးသည် တင်ယာဉ် (၁၀)စီးအား ယနေ့မှစ၍ ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့်ပိတ်သိမ်းအရေးယူခဲ့ပါသည်။မော်တော်ယာဉ် (၁၀)စီး၏ နံပါတ်များအား CNG ဆိုင်များအားလုံးတွင် ကြေညာ ထားမည်ဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည်မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် CNG ဝယ်ယူခွင့်စာအုပ်ပါရှိသည့် ယာဉ်များကိုသာ ဓာတ်ငွေ့ဖြည့်သွင်းရောင်းချပေးခြင်းနှင့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်(Owner Book)တွင် CNG သုံးယာဉ်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန(က.ည.န)မှ CNG တံဆိပ်တုံးမှတ်ပုံတင်ပြီးမှသာ CNG ယာဉ် နှစ်ပတ်လည် သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ CNG ယာဉ်များအနေဖြင့် အခြားယာဉ်များသို့ တရားမဝင် CNG ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါကလည်း ကျူးလွန်သည့်ယာဉ်များအား ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေးလျက်ရှိကြောင်းနှင့် အများပြည်သူ သယ်ယူပို့ဆောင် ရေးကဏ္ဍအဆင်ပြေချောမွေ့စေရေးနှင့် ပြည်သူလူထုသက်သာချောင်ချိရေးအတွက် အမှန်တကယ် ဆောင်ရွက်မည့် လုပ်ငန်းရှင်များကိုသာ CNG အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်း ရရှိသည်။
#News #MNP

No comments:
Post a Comment