အသက် ၅ နှစ်အရွယ် KG ကျောင်းသူ အသတ်ခံရ၊ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက် ၅ နှစ်အရွယ် KG ကျောင်းသူ အသတ်ခံရ၊ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ


ထန်းတပင်(ရန်ကုန်)၊ ဇူလိုင် ၄

ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာ၊ ဓနသိဒ္ဓိလမ်းတွင် နေထိုင်သည့် ဦးနိုင်ကိုကိုမင်းနှင့် ဇနီးဖြစ်သူ ဒေါ်စုလှဖြူတို့သည် ၃.၇.၂၀၂၆ ရက်နေ့ (၀၈၃၀)အချိန်ခန့်တွင် သမီးဖြစ်သူ မသော်တာဆိုင်အား နေအိမ်၌ မတွေ့ရှိသဖြင့် ကျေးရွာအတွင်း လိုက်လံရှာဖွေခဲ့ရာ (၂၃ ၂၀)အချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာ၊ ဦးကံမြင့်လမ်း၊ လမ်းဘေးအမှိုက်ပုံတွင် သေဆုံးလျက်တွေ့ရှိခဲ့ရသဖြင့် ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့တွင် အမှုဖွင့်လှစ်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လမ်းဘေးအမှိုက်ပုံတွင် သေဆုံးလျက်တွေ့ရှိခဲ့ရသည့် မသော်တာဆိုင်၊ ၅နှစ်၊ KGတန်းတက်ရောက်နေသူအား တာဝန်ရှိသူများက စစ်ဆေးရာ နားနှစ်ဖက်တွင် ဝတ်ဆင်ထားသည့် နားကွင်း(၁)စုံ အလေးချိန်(၂)ပဲသားခန့် (ကာလ တန်ဖိုး- ၁၀သိန်းကျပ်)မှာ ပျောက်ဆုံးနေပြီး နားနှစ်ဖက်(နားကပ်ဝတ်ဆင်သည့်နေရာ) မှာပြတ်လျက် အခြားပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ ခြုံစောင်၊ ဆာလာအိတ်ဖြင့်ထည့်လျက် အလောင်းစွန့် ပစ်ထားသည်ကို တွေ့ရှိခဲ့ရသဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာ နှင့်အတူ တင်ပို့ခဲ့ပြီး မှုခင်းဆရာဝန်ကြီး က လက်ခံစစ်ဆေးပေးသည်။ 

မသော်တာဆိုင်အား အသက်သေဆုံးအောင်ပြုလုပ်ခဲ့သူ (တရားခံ)အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)