မန္တလေး၊ ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) သို့ Mountain Bike (MTB) လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ သိရသည်။
သဘာဝအလှအပကို ခံစားရင်း စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်လိုသူများအတွက် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် Start Point တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အရှေ့မှ Finish Point အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) အထိ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား/ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် သဘာဝလမ်းကြောင်းများကို ဖြတ်သန်းစီးနင်းရင်း မိမိတို့၏ ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် စက်ဘီးစီးကျွမ်းကျင်မှုများကို ပြသနိုင် မည့် အခွင့်အရေးကောင်းတစ်ခုဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားပြီး ပြိုင်ပွဲဝင်များအားလုံး စက်ဘီးစီးဦးထုပ်များ မဖြစ်မနေဝတ်ဆင်ရမည်ဖြစ်ကာ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာပေးရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
ထို့နောက် အသေးစိတ်မှတ်ပုံတင်ခြင်းဆိုင်ရာများ၊ ပြိုင်ပွဲလမ်းကြောင်းနှင့် ဆုချီးမြှင့်မှု အစီအစဉ်များကို ဆက်လက်ကြေညာသွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွင်း ပြိုင်ပွဲဝင်များအား အဆင့်လိုက် အထူးဆုများကိုလည်း ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
MT
#MNP #News

No comments:
Post a Comment