Pages

Pages

ထန်းတပင်မြို့နယ်၌ ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးရေးဇုန်( RICE EXPORT ZONE) စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများထံသို့ သွင်းအားစုများပေးအပ်


ထန်းတပင်(ရန်ကုန်)၊ ဇူလိုင် ၉

ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများထံသို့ သွင်းအားစုများပေးအပ်ပွဲကို ၇-၇-၂၀၂၆ ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်AGRO EXPORTS COMPANY LIMITED မှ အထွေထွေမန်နေဂျာဦးသန်းလင်းတို့က အမှာစကားများ ပြောကြားခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောဝင်းကိုက သွင်းအားစုများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးရေးဇုန် (RICE EXPORT ZONE) စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မိုးစပါးစိုက်ဧက (၅၃၃)ဧက စိုက်ပျိုးသွားမည့် ချောင်းညီအကိုကျေးရွာနှင့် နဲဗျောကျေးရွာတို့မှ တောင်သူ (၅၇) ဦးထံသို့ တစ်ဧက (၂)သိန်းနှုန်းဖြင့်ညီမျှသည့် သွင်းအားစုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)

#MNP #News

No comments:

Post a Comment